##Unicode##
"ညို...ငြိမ်လို့ပါလား"
မှူးရဲ့အမေးကိုညိုတစ်ယောက်အပြုံးဖြင့်သာတုန့်ပြန်မိသည်။
"ဘာဖြစ်လို့လဲညို..."
"ဟင့်အင်းဘာမှမဖြစ်ပါဘူး"
"နင်စာကျက်ဆောင်ကပြန်လာတည်းကငြိမ်နေတာ။တစ်ခုခုတော့ဖြစ်နေပါတယ်"
"တီချယ်ကအရမ်းရက်စက်တာဘဲ"
"ဟင်!!"
"ငါ့မှာတော့သူပန်ဖို့အတွက်လေ အစောကြီးထ
ခရေပန်းတွေသွားကောက်ပြီးသီထားလိုက်ရတာ။သူကတော့ဘုရားဘဲလှူလိုက်ပါတဲ့""ဟားဟား"
ညို့အပြောကြောင့် မှူးတစ်ယောက်ခွက်ခွက်လန်ကိုအော်ရယ်နေသည်။
"ရယ်ပါ ရယ်ပါ။နင့်ကလှည့်ကျမှ ဒီထက်ဆိုးမယ်"
"ဆုတောင်းလေညိုရယ်။ငါ့တီချယ်က နင့်ဒေါ်ကုမုဒြာလိုမာနမကြီးဘူးဟဲ့"
"ဟုတ်တယ်။ဒေါ်ကုမုဒြာက အရမ်းမာနကြီးတယ်။ဒါပေမယ့် နင်စောင့်ကြည့်နေ ငါသူ့အချစ်ကိုရအောင်ယူပြမယ်"
"ပေါက်ပေါက်ဆုပ်နဲ့ပါ ထိုင်ကြည့်နေပါတယ်လို့"
"နင်!!"
"ဟားဟား..ကဲပါ။ပြုံးပြုံးရွှင်ရွှင်လေးနေစမ်းပါ။မသိရင်ရည်းစားပူမိနေတာကျနေတာဘဲ။ရည်းစားကဖြင့်မရှိသေးဘဲ။"
"ရည်းစားပူမိတာထက်ဆိုးတယ်ဟဲ့။ငါ့မှာရှေ့ဆက်ရခက်"
"နောက်ထပ်ခြောက်ရက်ကျန်ရှိနေပါသေးတယ်။အေးဆေးပေါ့ဘာတွေလောနေတာလဲ"
"နင်ကတော့အေးဆေးနိုင်တာပေါ့။နင့်တီချယ်က
နင့်ဘက်ကိုအလေးသာနေတာ။ဒီပွဲတော့ငါရှုံးမယ်ထင်ပါတယ်""ထင်ရင်လဲစောစောစီးစီး အရှုံးပေးလိုက်တော့လေ။"
"ဆုတောင်းလေ။ငါနိုင်စေရမယ် ကြည့်ထား"
"ကြည့်နေတယ်လို့ ဟားဟား"
"....."
မှူးကိုညိုဘာမှမပြောနိုင်တော့။ညို့အဖြစ်ကလဲ မနိုင်မှန်းသိရက်နဲ့ ပြိုင်ချင်နေမိတယ်ကွယ်။
......
ကျောင်းမှ အဆောင်သို့အပြန်
ညိုနဲ့မှူး တီချယ်တို့နောက်က လိုက်ခဲ့သည်။

YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။