##Unicode##
အိမ်ေရာက်တော့ အစ်မနွယ်နဲ့အစ်မညိုက
အိပ်ပြီး ဇာတ်ကားအတူကြည့်နေကြသည်။ မောင်တို့ပြန်ရောက်တာတောင်အရေးမစိုက် ဖုန်းဘဲ သဲကြီးမဲကြီး ကြည့်ကာရယ်နေကြသည်မို့။
မောင်ဖုန်းသွားဆွဲယူကာပိတ်ပြစ်လိုက်သည်။"ဘာလုပ်တာလဲဂျူဂျူး။"
အစ်မနွယ်ကအော်သည်။
"မောင်တို့ပြန်ရောက်တာတောင်အဖတ်မလုပ်ကြလို့လေ။"
"အော်။ရှင်တို့ကကော ကျမတို့ကိုအဖတ်လုပ်လို့လား။ရွာထဲနှစ်ယောက်ထဲသွားကြပြီးတော့။ခုဘာလို့ပြန်လာကြတာလဲ ။ပြန်မလာဘဲနေပါ့လား။"
"အစ်မနွယ်နော်။ အစ်မနွယ် အကြံမောင်သိတယ်။
မောင်တို့ကိုပထုတ်ချင်တာ အစ်မညိုနဲ့သာယာချင်လို့မဟုတ်လား။"ဖြန်း။..
မောင့်ပါးပြင်ပေါ်ကျရောက်လာသည့် အစ်မနွယ်၏လက်ဝါး။
"နွယ်။"
အစ်မညိုကအစ်မနွယ်ကိုတားသည်။မောင့်ကိုထပ်ရိုက်မည်စိုး၍ထင်သည်။
"မင်းလွန်မလာနဲ့။ငါ့စေတနာတွေကိုအသိမှတ်မပြုရင်နေငါ့သိက္ခာ ကိုတော့မစော်ကားနဲ့။"
"စော်ကားတာမဟုတ်ဘူး။မောင်မ အ.ဘူး။
အစ်မနွယ်လဲ မောင့်အကြောင်းသိသလို။
မောင်လဲအစ်မနွယ်အကြောင်းကောင်းကောင်းသိတယ်။""ဂျူဂျူး...။"
အစ်မညိုက ခေါ်တာကြောင့် အစ်မညိုကိုကြည့်ကာ။
"ဘာလဲ။အစ်မညို။
အစ်မညိုနဲ့ကျနော်ပြတ်ပြီ။""ပြတ်လိုက်ညို။ သူ့လိုလူများဆယ်ခါပြန်ပြတ်လိုက်။"
အစ်မနွယ်ကဝင်ပြောသည်။
"နွယ်စိတ်လျော့။ဂျူဂျူး အစ်မညိုပြောမယ်။"
"တော်စမ်းပါဗျာ။ဘာမှလာမပြောနဲ့။ လုပ်ချင်တာလုပ်ကြနေချင်သလိုနေကြ။လက်ဖက်စိမ်းတွေစိုမောင်ကရွံတယ်။"
"ဂျူဂျူးမောင်!!။"
"နွယ်"
ဒီတစ်ခါအစ်မမှူးကပါဝင်တားသည်။
"ဘာလဲထပ်ရိုက်ချင်လို့လား။ရိုက်လေ။"
"ငါကလက်ဖတ်စိမ်းဟုတ်လား။ သေချာပြန်စဥ်းစားပါအုံး။တကယ့်လက်ဖက်စိမ်းကဘယ်သူလဲ။စနိုက်ကြော်မကဘယ်သူလဲ နင်ဘဲမဟုတ်လား""

YOU ARE READING
မောင့်မုဒြာ
Roman d'amourကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။