##Unicode##
"ဟဲ့ အယ်အဲမတို့"
ဂျူးဂျူးမောင်နှင့် ဇင်လေးနွယ် နောက်ကအော်သံကြားလို့လှည့်ကြည့်လိုက်တော့ အစ်မတစ်ယောက်က
သူမတို့ကိုခေါ်နေသလိုမို့"မောင်တို့ကိုခေါ်တာလား"
ဂျူးဂျူးမောင် မိမိကိုယ်ကိုယ်လက်ညိုးလေးထိုးကာမေးလိုက်သည်။
"ဟုတ်ရဲ့"
"ဘယ်လိုခေါ်လိုက်တာ"
"အယ်အဲမ တို့ လို့"
"သောက်စမ်းရီးဟ"
ဂျူးဂျူးမောင်တို့ တီးတိုးလေးရေရွတ်လိုက်မိသည်။
"ဘာလို့အဲ့လိုခေါ်တာလဲ.."
ဇင်လေးနွယ်က မေးတော့
"မသိတော် ဒီမှာတော့အဲ့လိုခေါ်ကြတာဘဲ။"
အစ်မကစိတ်မရှည်သလိုပြောလာသဖြင့်..
"ထားပါ ခေါ်တာက ဘာကိစ္စ လဲ"
ဂျူးဂျူးပြောလိုက်တော့မှ ထိုအစ်မကစကားဆက်သည်။
"ထမင်းစားရအောင်တဲ့ ဒွေးကြီးကခေါ်ခိုင်းလိုက်လို့။"
"ဟမ် "
"ညဥ်းတို့ အမေကြီးကခေါ်ခိုင်းလိုက်လို့လို့ "
"အော်..ဟုတ်ကဲ့ လာမယ် လာခဲ့မယ်။"
"အင်းအင်း။"
ထိုအစ်မကပြောပြီးထွက်သွားခဲ့သည်။ ကြည့်ရတာ မောင်တို့အူကြောင်ကြောင်လုပ်နေလို့ စိတ်မရှည်တော့သည့်ဟန်။အညာသူမို့လားတော့မသိ အသားညိုပြီး
ချောသည်။ ညိုချောဆိုတာမျိူးပေါ့။မြတ်နိုးေဝလဲ ဒွေးကြီးက ထမင်းစားဖို့ သူ့မြေးတော်တွေကိုအခေါ်လွှတ်ခိုင်းလို့ လာခေါ်တာ။
"ကြည့်ရတာအူကြောင်ကြောင်တွေနဲ့။
မြို့သူလို့သာပြော ကျုပ်တို့ထက်တောင် အ သေး။"စိတ်ထဲပြောပြီး ထမင်းဝိုင်းပြင်ပေးရန်ခပ်သုတ်သုတ်လေးလာခဲ့သည်။
"မိတွတ် "
"ရှင် ဒွေးကြီး.."
"ခေါ်ခဲ့ပြီလား"
"ခေါ်ခဲ့ပြီတော်"
"ဘယ်မှာလဲ ငါ့မြေးတွေက"
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။