##Unicode##
မောင်တို့ အန်တီအိမ်ရောက်တော့ အန်တီကအိမ်ရှေ့စားပွဲမှာ ရေနွေးကြမ်း သောက်ရင်း စာဖတ်နေလေရဲ့။
မောင်တို့လဲ သူမအနားသွားလိုက်သည်။"အန်တီ..."
မောင်ခေါ်လိုက်တော့ ဖတ်လက်စစာအုပ်လေးကိုပိတ်ကာ မောင့်ကိုမော့ကြည့်လာသည်။
"မောင်..
လာလေေတာ့။ကျုပ်ဆီလာကြတာလား။"မောင်တို့လဲ ခုံတန်းလျားတွင်ဝင်ထိုင်လိုက်သည်။
"မဟုတ်ပါဘူးလိုင်းလာသုံးတာ။"
အစ်မနွယ်ကဘောက်ဆတ်ဆတ်
ဆိုလိုက်တော့ မောင်အစ်မနွယ်ကိုတံတောင်နဲ့တို့လိုက်ရသည်။အစ်မနွယ်ကဘာကြောင့် အန်တီကိုစို မကြည်သလဲမသိ။မောင့်ကြောင့်များလား။
"အော်။သုံးလေ။"
အန်တီက ပြောရင်းစောနကဖတ်နေတဲ့စာအုပ်ကိုပြန်လှန်ကာဖတ်သည်။
"အစ်မနွယ်လိုင်းသုံးမယ်ဆို သွားသုံးလေ။မောင်အန်တီနဲ့စကားပြောအုံးမယ်။"
"အင်း"
အစ်မနွယ်ကသိပ်တော့မကျေနပ်ပေ။မောင်နဲ့အန်တီကိုမှအတူမရှိစေလိုဘဲ။ဒါပေမယ့်ဘာမှမပြောဘဲ လိုင်းသုံးဖို့ထွက်သွားခဲ့သည်။
အစ်မနွယ်ထသွားတော့မောင် အန်တီနားတိုးသွားလိုက်သည်။
"အန်တီ။""ပြောတော်..။"
ဒီတစ်ခါတော့ အန်တီအကြည့်တွေကစာအုပ်ဆီမှမခွာတော့ပေ။
"စောနက မောင့်ကို မောင်..လို့ခေါ်လိုက်တာလား။"
"မင်းနာမည်က မောင်မဟုတ်လား။မောင် လို့ခေါ်မိတာ မှားသွားသလား။"
"ဂျူဂျူးမောင် လေ။တခြားသူတွေက.ဂျူဂျူး လို့ဘဲခေါ်ကြတော့ အန်တီ မောင်လို့ခေါ်တာတစ်မျိုးဘဲ။ဟီး။"
"မင်းမကြိုက်ရင်လဲ..။"
"မဟုတ်ဘူး။မဟုတ်ဘူး။ကြိုက်တယ်။"
မောင်ပြာပြာသလဲငြင်းလိုက်ပြီးမှ
"မောင် ဆိုတဲ့နာမည်လေးကို နာမ်စားအဖြစ်ခေါ်မယ်ဆို မောင်တို့က ပိုတောင်ကြိုက်သေး။"
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။