part-13(U+Z)

1.1K 44 0
                                    

##Unicode##

"ဂျူဂျူး!!.."

မောင်တို့သုံးယောက်စကားပြောနေတုန်း အစ်မမှူးရောက်လာသည်။

"အစ်မမှူး။"

"ငါနဲ့ခနလိုက်ခဲ့။"

အစ်မမှူးက မောင့်လက်ကိုဆွဲကာခေါ်သည်။

"ဘယ်ကိုလဲ"

"လိုက်ခဲ့စမ်းပါ။"

"အန်တီ မောင်ခနလိုက်သွားလိုက်အုံးမယ်နော်။"

"အော်အေး။"

အစ်မမှူးက မောင့်ကိုဆွဲခေါ်ခဲ့တာ အန်တီတို့ရဲ့ခြံပြင်ဆီ။

"အစ်မမှူး မောင့်ကိုဘာပြောစရာရှိလို့လဲ။"

"နင်နွယ်နဲ့ညိုကို ပြန်တောင်းပန်သင့်တယ်။"

"ဟာ မဖြစ်နိုင်တာ။မောင်ကဘာလို့သူတို့ကိုတောင်းပန်ရမှာလဲ။"

"ဒီကိစ္စမှာ နင်မှားတာအသိသာကြီးနော်ဂျူဂျူး။"

"အစ်မမှူးကပါ သူတို့ဘက်လိုက်ပြောပေးနေတာလား။
သိပါတယ်အစ်မမှူးကသူတို့ဘက်ကဆိုတာ သူငယ်ချင်းသုံးယောက်က တစ်ကျိပ်ထဲတစ်ဉာဏ်ထဲ
လိုက်လဲလိုက်ပါတယ်။"

"ဂျူဂျူး!!"

အစ်မမှူးအသံမာလာပြီ။

"ပြော.."

"ဒီကိစ္စက နင်ညို့ကိုစနိုက်ကြော်ရာကနေစတာလေ။ဒါတောင် နွယ်က ဒီလောက်သည်းခံပေးထားတာတောင် နင်ကဇွတ်မိုက်တာလေ။"

"ဟားဟား စနိုက်တယ်ဟုတ်လား။စနိုက်တယ်ဆိုတာ ပိုင်ရှင်ရှိတဲ့သူကိုမှစနိုက်တယ်ခေါ်တာ အစ်မညိုက ပိုင်ရှင်မှမရှိဘဲ။ "

"ညို့ကို နွယ်သဘောကျနေတာသိရက်နဲ့ နင်ကြားဝင်ခဲ့တာကိုကမှားတာ။"

"ဟုတ်တယ်ဟုတ်တယ်။မောင့်အမှား အားလုံးမောင့်အမှားတွေချည်းဘဲ။မောင့်အပြစ်တွေချည်းဘဲ။
ဒါကြောင့်လဲ အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တာအစ်မတို့ မမြင်ချင်တဲ့ sခွက်ကို ကြည့်နေရမှာစိုးလို့။ "

"မဟုတ်ဘူး။အစ်မမှူးပြောချင်တာက။"

"မောင်မှားတယ်ဆိုရင်တောင် မောင်လုံးဝမတောင်းပန်နိုင်ဘူး။"

မောင့်မုဒြာWhere stories live. Discover now