part-12(U+Z)

546 23 1
                                    

##Unicode##

မနက်မိုးလင်းတော့ မောင့်ဘေးတွင် အန်တီမရှိတော့။

မောင်ရေချိုးခန်းဘက်ထွက်လာကာ တံခါးဖွင့်လိုက်​တော့ အထဲမှာဘယ်သူမှမရှိသည်နှင့် မောင်ရေချိုးဖို့ပြင်လိုက်သည်။

မောင်အဝတ်တွေချွတ်ပြီး အသံတစ်ခုကြားသည်နှုင့်နောက်လှည့်ကြည့်လိုက်တော့။ရေစိမ်ကန်ထဲကအန်တီကိုတွေ့လိုက်ရသည်။

​မောင်က သူ့သဘတ်နဲ့ လျှောက်ဖုံးနေသည်။
ဖုံးလဲလုံတာကျလို့။

"ဟာအန်တီကလဲ ရှိရင်လဲ တံခါးကိုဂျက်ချထားပါလား။"

"မင်းကကောဘာလို့အသံမပေးလဲ။"

"ေမာင် ကြည့်တော့ဘယ်သူမှမရှိတာ အန်တီကပုန်းနေတာကိုး။"

"ဘာပုန်း ရေချိုးနေတာ။
မင်းကကောဘာလာလုပ်တာလဲ"

"အဝတ်ချွတ်ထားမှ​တော့ ရေချိုးမလို့ပေါ့အန်တီရာ။"

"ဒါဆိုချိုးလေ။"

"ဟင်ဒီပုံနဲ့ချိုးရမှာလား။"

"အ​ဲ့ပုံနဲ့မချိုးတော့ ကျုပ်နဲ့အတူဒီမှာချိုးချင်လို့လား။"

"ဟာအန်တီကလဲ"

မောင်ရှက်လွန်းလို့မျက်နှာဘယ်နားထားရမလဲမသိ။

"ဘာဖြစ်လဲမိန်းကလေးချင်းဘဲ။ကိုယ့်ဟာကိုယ်ချိုးစရာရှိတာချိုး။"

ဆိုကာအန်တီကမျက်လုံးမှိတ်ပြီးရေထပ်စိမ်နေသည်။

မောင်လဲ မြန်မြန်ချိုးလိုက်ပြီးထွက်ခဲ့တော့သည်။

အန်တီကြည့်နေမှာလဲစိုးရသေးသည်။အန်တီကိုကြည့်ပြန်ရင်လဲ သူ့ကြည့်တယ်ထင်နေအုံးမည်။

ဒါကြောင့် ရေသာအမြန်ချိုးပြီးပြေးထွက်ခဲ့သည်။

ရင်ထဲတွင်တော့အကောင်ပေါက်လေးကအစမသန်
ခုန်နေလေရဲ့။

အန်တီထွက်လာတာတောင်မောင်အဝတ်မဝတ်ရသေး။မောင့်အဝတ်တွေမှမရှိတာ။ဒါကြောင့်သဘတ်ကိုသာပတ်ထားသည်။အန်တီအဝတ်ဝတ်ပြီးသည်ထိ
မောင်အန်တီကိုသေချာကြည့်နေမိသည်။

အန်တီကအတော်လှသည်။

သူမမှန်တင်ခုံကမှန်ကနေ မောင့်ကိုကြည့်ကာ

မောင့်မုဒြာWhere stories live. Discover now