##Unicode##
မောင်လဲအစ်မညိုနဲ့ပြောပြီး ခြေဦးတည့်ရာထွက်လာခဲ့တော့သည်။ အစ်မညိုဆီက မောင့်ကိုမချစ်ဘူးဆိုသည့်စကားကမောင့်ကိုအတော်လေးနာကျင်စေပါသည်။
မောင်မှားတာသိပေမယ့် အဲ့ဒီအမှားကလဲအချစ်ကြောင့် အတ္တဆန်စွာဖြစ်ေါ်လာတဲ့အချစ်ရဲ့အမှားလေးပါ။ အစ်မညိုကို အစ်မနွယ်နဲ့သဝန်တိုမိရာကနေ ခုလောက်ထိဖြစ်သွားခဲ့တာ။မု ပစ္စည္း တွေပို့ပြီးအပြန်
နွားလှည်းမောင်းနှင်လာရင်း
ရှေ့မှာ မောင်မဟုတ်လား ညနေတောင်စောင်းနေပြီဘယ်သွားမလို့ပါလိမ့်။ မု နွားလှည်းကိုအရှိန်တက်လိုက်ပြီးရပ်လိုက်သည်။ သူမကနွားလှည်းကိုပင်မမြင်တော့။ခေါင်းကြီးငိုက်စိုက်ချလို့။ဒီပုံတိုင်းစို နွားလှည်းကဝင်မတိုက်ဘဲ သူမကနွားကိုဝင်တိုက်တော့မည်။ မုအပြေးလေးဆင်းကာ သူမရှေ့ကပိတ်ရပ်လိုက်တော့။မုရင်ဘတ်နဲ့ သူမခေါင်းတိုက်မိသွားခဲ့သည်။
သူမက ကလေးဘဲရှိသေးတော့ မု ထက်အရပ်ပုတာမဆန်းပါဘူးလေ။မုရင်ဘတ်တော့အနဲငယ်အောင့်သွားခဲ့သည်။သူမခေါင်းမော့ မလာတာကြောင့် မု သူမခေါင်းလေးဆွဲယူမော့လိုက်တော့
"ဟင်ငိုနေတာလား။"
သူမမျက်ရည်တွေကို အသဲသန်သုတ်နေရှာသည်။
"ပြောပါအုံးဘာလို့ငိုနေရတာလဲ။"
သူမလှည့်ထွက်မည်ပြုတော့ မု သူမလက်ကိုလှမ်းဆွဲလိုက်ပြီး သူမကိုပွေ့ချီကာ လှည်းပေါ်တင်လိုက်သည်။
သူမဆင်းမည်ကြံတော့ မုသူမကိုလက်နဲ့ကာထားကာ"မဆင်းနဲ့ ဘာဖြစ်တာလဲပြော ။"
"ဟင့်အင်း။"
"မပြောရင် နွားတွေကိုသွားခိုင်းလိုက်မှာနော်။"
"ဟင်။"
သူမကြောက်သွားဟန်တူသည်။ဘာမှမပြောဘဲ
ငိုပါလေရော။"အီးဟီးးးမေမေရေ ။ဒီမှာ သူများကိုအနိုင်လာကျင့်နေတယ်။"
"ဟောတော်။"
မု လှည်းပေါ်တက်ကာ မု အိမ်သို့ မောင်းခဲ့တော့သည်။
သူမခုန်ဆင်းမည်ကြံတော့။
"ခုန်ဆင်းရင် အသေနဲ့အကျိုးဘဲနော်။"
![](https://img.wattpad.com/cover/358387715-288-k933964.jpg)
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။