part-14(U+Z)

1K 45 0
                                    

##Unicode##

ခုလက်ရှိ...

မှူးအတွေးနဲ့စိတ်လွှင့်နေသည်မို့ နောက်ကခေါ်သံပင်မကြားတော့။

"အိမ့်မှူးစံ..."

"ဟင်နွယ်။ "

"ဘာတွေအဲ့လောက်စဥ်းစားနေတာလဲ ခေါ်မကြားအော်မကြားနဲ့"

"ဘာရယ်မဟုတ်ပါဘူး။အတိတ်တစ်ချို့ပေါ့။"

"ဟိုတစ်ယောက်ဘာပြောလဲ"

"ဂျူးက မိုးကုတ်ပြန်တော့မယ်တဲ့"

"တကယ်ကြီးလား ။"

"အေး ကိုးစိုင်းလာ​ေခါ်မယ်ထင်တယ်"

"နေအုံး ငါကိုစိုင်းကိုဖုန်းဆက်လိုက်မယ်"

"နင်သူနဲ့စကားသွားပြောပြီး တောင်းပန်လိုက်ပါလား။ပြေလည်သွားအောင်"

"ပါးရိုက်လိုက်မိတာငါမှားပေမယ့် ငါမတောင်းပန်နိုင်သေးဘူး သူပြောထားတာတွေ မ​ေကျနပ်သေးဘူး။"

"နင်တို့ညီအစ်မနှစ်ယောက်ကလဲ မာနပြိုင်နေကြတယ်။"

"ကဲပါ​ ပြန်ရအေ​ာင်လေ"

မှူးနဲ့ နွယ် အိမ်သို့ပြန်ခဲ့တော့သည်။

.....
"ဟဲလို...

ဟာကိုကိုကလဲ အဲ့အလုပ်တွေထားခဲ့လို့မရဘူးလား။

ဒါဆို ကိုကို့သူငယ်ချင်းအားလား။
သူ့ကိုလာကြိုခိုင်းလိုက်မယ်။

ဘာမှမဖြစ်ပါဘူး။သူနဲ့ကလူရင်းတွေဘဲကို။

မရဘူးပြန်မှာဘဲ။ဒီမှာ ဘယ်မှာသွားနေရမှာလဲ။

မသိဘူးဗျာ။ဒါဘဲဒါဘဲ။ကိုကို့သူငယ်ချင်းကိုဘဲခေါ်လိုက်မယ်။"

မောင်ဖုန်းပြောပြီး​တော့ မုစိတ်ပူနေမိသည်။ထင်ရတာတော့ သူ့အစ်ကိုကလာမ​ကြိုနိုင်တော့ပုံ။သူစိမ်းယောက်ျားတစ်ယောက်ကိုအကူညီတောင်းမလို့လား။ဒီကလေးမနဲ့တော့။ကိုယ့်ကိုယ်ကိုယ်မိန်းကလေးဆိုတာမေ့နေတာလား။

"မောင်.."

"အန်တီ"

"အစ်ကိုကလာမကြိုနိုင်တော့ဘူးမလား။"

"အလုပ်မ​​ျားနေလို့တဲ့။နောက်တစ်ပတ်လောက်မှအားမှာတဲ့။ဒါမယ့် ကိုကို့သူငယ်ချင်းကိုလာကြိုခိုင်းလို့ရတယ်။"

မောင့်မုဒြာWhere stories live. Discover now