##Unicode##
ဂျူးဂျူးမောင် ထိုအမျိုးသမီးဆီသွားလိုက်ပြီး ကြာပန်းတွေကိုကြည့်ကာတအ့ံတသြဖြစ်နေသည်။
"ဒီမှာလဲကြာပန်းတွေရှိတာဘဲလား"
"ရှိတာပေါ့တော့။ဘာလို့လဲ"
ကြာပန်းကိုကြည့်ကာအထူးအဆန်းလုပ်မေးလာတဲ့ကလေးမကြောင့် ကုမုဒြာလဲ ပြန်ပြောလိုက်သည်။
"ကြာပန်းတွေနဲ့ ဓာတ်ပုံရိုက်လို့ရမလားအန်တီ။"
သူမက ဖုန်းလေးပြကာပြောလာသဖြင့် မုလဲ ခေါင်းငြိမ့်ပြလိုက်သည်။
"ေရာ့ ရိုက်တော်.."
ကုမုဒြာ လက်ထဲကကြာပန်းတွေကို သူမဆီလှမ်းပေးလိုက်သည်။
"ဟင့်အင်း အန်တီဘဲပွေ့ထားပါ။ မောင်မျက်နှာမပါအောင်ရိုက်ပါ့မယ်။"
"သဘောတော်။"
ဂျူးဂျူးမောင် လဲ ပုံတွေစိတ်ကြိုက်ရိုက်ပြီးတော့မှ
"Thank you အန်တီ"
"ခွင့်ပြုအုံးတော့"
"နေပါအုံးအန်တီ။ "
မောင် ထိုအမျိုးသမီးလက်ကိုလှမ်းဆွဲရင်းတားလိုက်ကာ နာမည်မေးလိုက်သည်။
"နာမည်ဘယ်လိုခေါ်လဲ"
"ကုမုဒြာ.."
"မောင်က အန်တီနာမည်ကိုမေးတာ"
"ကျုပ်နာမည်ဘဲလေတော်။"
"အော် ဟုတ်ကဲ့ မောင်မှတ်ထားလိုက်ပါ့မယ်။
မောင့်မုဒြာ..။""ဘယ်လို"
"မောင့်..မုဒြာ...လို့"
သူမက သူ့ကိုယ့်သူလက်ညိုးလေးထိုးကာ
ကုမုဒြာကိုလဲ လက်ညိုးလေးထိုးရင်း
ပြုံးစိစိလေးနဲ့ဆိုလိုက်တော့
ကုမုဒြာ ကရှက်ရွံသွားဟန်။"လူကြီးကိုဘယ်လိုစကားတွေပြောနေသလဲ။"
"မောင်ကနောက်တာပါ"
"လူကြီးကိုစနောက်စရာထင်နေသလား"
"မဟုတ်တာအန်တီရယ်။"
"မင်းနာမည်က"
"မောင်..."
"ဟင်.."
YOU ARE READING
မောင့်မုဒြာ
Storie d'amoreကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။