##Unicode##
တစ်ဖက်တွင်လဲ မှူး နဲ့တီချယ်ဝေတို့ အေးဆေးစကားပြောကြဖို့ခုံတန်းလေးတွင်ဝင်ထိုင်လိုက်ကြသည်။
"တီချယ်..."
မှူးအသံလေးဟာတိုးဖျော့ဖျော့..
"ပြောလေ မှူးငယ်"
"ရှင်"
ဝေ့ စကားကြောင့် ကြောင်အမ်းအမ်းလေးဖြစ်သွားတဲ့
မှူးဟာအသဲယားစရာ။"ဘာဖြစ်လို့လဲ"
"တီချယ် မှူးကိုဘယ်လိုခေါ်လိုက်တာ"
"အော်.. မှူးငယ်လို့ခေါ်လိုက်တာလေ။ဘာလဲမကြိုက်လို့လား"
"ဟင့်အင်းမဟုတ်ပါဘူး။ကြိုက်ပါတယ် တခါမှမကြားဖူးတော့ ထူးဆန်းသွားလို့ပါ"
"ေအာ်ဟုတ်ပါပြီ"
"ဟုတ်"
"တို့ကိုပြောစရာရှိတယ်ဆိုတာက"
"မှူးပြောရင်တီချယ်စိတ်ဆိုးမှာလား"
"ဒါကတော့အကြောင်းအရာပေါ်မူတည်တယ်လေ။စိတ်ဆိုးစရာရှိရင်တော့ဆိုးရမှာပေါ့"
"ဟင်း ဒါဆိုလဲ မပြောတော့ပါဘူး"
"ေဟာရှင်။ပြောစရာရှိတာပြောပါ။စိတ်ဆိုးသင့်မဆိုးသင့်ကိုကျွန်မကဆုံးဖြတ်မှာမို့"
္"မှူး လူတစ်ယောက်ကိုချစ်မိနေပြီတီချယ်"
"ဘယ်လို"
"ဟုတ်တယ် မှူးသူ့ကိုအရမ်းချစ်နေမိပြီ အဆောင်စည်းကမ်းအရရည်းစားထားခွင့်မရှိတာသိပေမယ့်
မှူးသူ့ကိုချစ်တယ်။ဒါကြောင့် တီချယ်ကိုတိုင်ပင်တာပါ။""ချစ်တာကချစ်လို့ရပါတယ်မှူးငယ်။ဒါပေမယ့် ရည်းစားတော့မထားပါနဲ့အုံးလားကွယ် ။မှူးငယ်က ခုမှကျောင်းသားဘဲရှိသေးတယ်လေ။ရှေ့ဆက်ရမယ့်ခရီးတေွအများကြီးကျန်သေးတာမို့ ရည်းစားထားပြီးလမ်းပျောက်မခံပါနဲ့။တီချယ်ဒါဘဲပြောချင်တယ်မှူးငယ်။"
"မှူးဘယ်သူ့ကိုချစ်တယ်ဆိုတာကို မမေးတော့ဘူးလားဟင်"
"မှူးငယ်ရဲ့ personalမို့ တီချယ်ဝင်မစွက်ဖက်ချင်ပါဘူး။ "
"မှူးချစ်တာ တီချယ့်ကို"
"ဟင်!!"
"ဟုတ်တယ်။မှူးတီချယ့်ကိုချစ်တာ။"
YOU ARE READING
မောင့်မုဒြာ
Romansaကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။