##Unicode##
"တီချယ်ဝေ.."
တီချယ်မြတ်နိုးဝေကိုတွေ့လို့ ညိုခေါ်လိုက်တော့
သူမကလှည့်ကြည့်လာသည်။" ဘာကိစ္စရှိလို့လဲ"
ကြောင်တောင်တောင်လေးရပ်နေတဲ့ကလေးနှစ်ယောက်ကြောင့် ဝေ မေးခွန်းထုတ်လိုက်မိသည်။
"ဒီမှာ တီချယ်မု ကစာအုပ်လာပို့ခိုင်းထားလို့။"
"ဟင်တီချယ်မု"
သူတို့ပြောတဲ့သူကိုဝေမှမသိဘဲ။မသိတာထက်မထင်မိတာပါ။
"ဒေါ်ကုမုဒြာကိုပြောတာပါ။"
"အမလေးရှင်တို့သူ့ရှေ့သွားမခေါ်ကြနဲ့နော်။"
"ဟင်ဘာလို့လဲတီချယ်။"
"သူက သူ့ကိုအဲ့လိုခေါ်တာတွေမကြိုက်ဘူး။သူ့နာမည်အပြည့်အစုံခေါ်တာဘဲြကိုက်တာ။"
ဟုတ်တယ်လေ။ကုမုဒြာက တခြားသူတွေအဲ့လိုခေါ်ရင် အမြဲရန်တွေ့တတ်တာ။ဝေ တောင်အချစ်ဆုံးသူငယ်ချင်းဖြစ်နေလို့" မု" လို့ခေါ်တာသူဘာမှမပြောတာ။
"နာမည်အပြည့်စုံဆိုခေါ်ရခက်တယ်တီချယ်ရဲ့။"
"အပြည့်ခေါ်ရခက်ရင် တီချယ်လို့ဘဲခေါ်ပေါ့။စောနကလို တီချယ်မု လို့သာမခေါ်မိေစနဲ့။"
"ဟုတ်ကဲ့တီချယ်။တီချယ်ကိုကောဘယ်လိုခေါ်ရမလဲ။"
"ကျွန်မကိုတော့ကြိုက်သလိုခေါ်ပါ။ရတယ်။"
ကျွန်မကသူ့လိုမာနမကြီးဘူးရှင့်။ဝေ့ကို အသေစိုက်ကြည့်နေတဲ့ အိမ့်မှူးစံဆိုသည့် ကလေးမကြောင့် ဝေတို့အနေခက်လာရပြီ။
"ဟုတ်တီချယ်ဝေ။"
"လာလေ သူအထဲမှာရှိတယ်။"
ဆိုကာသူမကအရင် အထဲဝင်သွားခဲ့သည်။မဝင်လို့လဲမရ ဟိုကလေးမကြည့်နေပုံနဲ့ ဝေတို့အရည်ပျော်တော့မည်။
ညိုကသာပြောနေရတာ ဘေးကငနဲမလေး မှူးကတော့ ငမ်းလို့မပြီးနိုင်။မျက်လုံးတွေလဲကျွတ်ထွက်တော့မည်။
"အဟမ်း!...အဟမ်း!"
ညိုချောင်းဟန့်လိုက်တော့သူမကကျေနပ်ပုံမရ။
![](https://img.wattpad.com/cover/358387715-288-k933964.jpg)
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။