##Unicode##
မောင်အစ်မနွယ်နားသွားတော့ သူမကဖုန်းကြည့်နေလေသည်။
"အစ်မနွယ်"
"ဘာလဲ"
သူမကိုခေါ်တော့ ဘောက်ဆတ်ဆတ်ပြန်ထူးလာတဲ့
အစ်မနွယ်ရယ်ပါ။"ဟိုလေအစ်မညိုနဲ့အစ်မမှူးက လိုက်လာမယ်တဲ့"
"ဟမ်"
သူမမျက်ဝန်းတွေလင်းလက်သွားသည်။ အစ်မညိုကိုအဲ့သလောက်ချစ်သလားအစ်မနွယ်ရယ်။
"ဟုတ်တယ်။ဒီကိုလိုက်လာမို့တဲ့"
"တကယ်ကြီးလား"
"အင်း"
"ဒါဖြင့် ဘယ်တော့လဲ"
"မနက်ဖြန်ထွက်ခဲ့မယ်တဲ့
အဲ့ဒါ သွားကြိုဖို့အမေကြီးကိုစီစဥ်ခိုင်းထားတယ်။""အေးကောင်းသားဘဲ။လူများတော့ အထီးမကျန်တော့ဘူးပေါ့။ပြီးတော့ နင့်အကြောင်းလဲ ညိုသိတာပေါ့။"
"အစ်မနွယ်ကလဲ မောင်ဘာလုပ်နေလို့လဲ။"
"နင်က ငါ့ညီမပါဂျူဂျူးေမာင်ရယ်။နင့်အကြောင်းငါအသိဆုံး။"
"သိရင်လဲ အစ်မနွယ်ရယ် တခါတည်းဘဲပြောလိုက်မယ်။အစ်မညိုတော့မသိပါစေနဲ့။ မောင်ကအပျင်းပြေပါ။ခုအစ်မညိုလိုက်လာမှာဆိုတော့ မလုပ်တော့ပါဘူး။
မောင်ကအစ်မညိုကိုဘဲချစ်တာ။အစ်မနွယ်သိတယ်မဟုတ်လား။""ဟူးးး။ငါမပြောချင်တော့ပါဘူးဟာ။"
"မပြောချင်လဲ မပြောနဲ့တော့။စိတ်တော့မဆိုးနဲ့။မောင်ကမချော့တတ်ဘူး။ရည်းစားတောင်မချော့တတ်လို့ပစ်ထားတာ။"
"သိပါတယ်။နင့်အကြောင်း။"
ဂျူဂျူးမောင်ကိုတော့နွယ်မပြောချင်တော့ပါ။အပျင်းပြေတဲ့ခေါင်းစဥ်လေးကတော့လှလိုက်တာ။
ဒါပေမယ့် တစ်ဖက်လူကနှလုံးသားနဲ့ဟ။ခံစားတတ်တယ်။ နင်ဝဋ်ပြန်လည်မှဖြင့်ဂျူဂျူးမောင်ရယ်။အဲ့နေ့ညကနွယ်တော်တော်နဲ့အိပ်မပျော်ခဲ့။
သူမလိုက်လာမည်တဲ့ ပျော်လိုက်တာဖြင့်
သူမကိုလွမ်းနေသည်မဟုတ်လား။
သူမမျက်နှာလေးကိုငေးချင်မိသည်။သို့သော်သူမကဆိုင်သူရှိနေပြီလေ။ ပိုင်ဆိုင်ခွင့်လဲမရ ငေးကြည့်ခွင့်လဲမရ နွယ့်အဖြစ်ကဆိုးလိုက်တာ။

YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။