Part.3

2.1K 167 0
                                    

Unicode

"မင်းသူငယ်ချင်းပုံစံကိုကြည့်ပြီး အန်တီ့ရင်တွေမကောင်းလိုက်တာသူ့အဖေကိစ္စမှာတောင် စိတ်ဓာတ်မကျဘဲ ရပ်တည်နိုင်ခဲ့တဲ့သားကကွယ်"

ခြံထဲက ခုံတန်းမှာတစ်ယောက်ထဲထိုင်ပြီး ငေးမှိုင်နေတဲ့ ဂျောင်ဂုရဲ့ ကျောပြင်ကိုကြည့်ရင်း အွန်ဝူးကော အန်တီပါ စိတ်မသက်သာ။

"သူနဲ့ ရိုနာက ဆယ်စုနှစ်တစ်ခုလောက်အထိပတ်သတ်ခဲ့ဖူးတဲ့အတိုင်းအတာဆိုတော့ အန်တီရယ်"

အွန်ဝူးလဲ ဒီကောင့်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မသိတော့။ သူ့သိက္ခာနဲ့ရာထူးကို လေးစားတတ်တဲ့ ဂျောင်ဂုလို လူက အချစ်တစ်ခုအတွက်နဲ့ သေမလိုဖြစ်ခဲ့ရတဲ့အထိ ဘယ်ရိုနာဆိုတဲ့သူမက အဆိပ်ပြင်းလိုက်ပုံများ။

"သားလေး ဒီပုံစံဖြစ်နေတာဆယ်ရက်ကျော်လာပြီ
အန်တီ့ဘက်က သားအတွက် တစ်ခုခု စီစဉ်မှရတော့မယ်နဲ့တူတယ် သား"

မိခင်တစ်ယောက်အနေနဲ့ သူမရဲ့သားလေးနေ့နေ့
ညည ဒီလိုပုံစံနဲ့ဖြစ်နေတာကို မကြည့်နိုင်။ မကြည့်ရက်နိုင်တော့ပါ။ ပြေးကြည့်မှ သူမမှာချစ်ခင်တွယ်တာစရာဆိုလို့ ဒီသားလေးတစ်ယောက်ပဲရှိတာ။

ခင်ပွန်းသည်ရဲ့ အဖြစ်ဆိုးကိုကြုံခဲ့ရတဲ့သူမအဖို့ နောက်ထပ် သူမတန်ဖိုးထားရတဲ့သားလေးကိုတော့ ထပ်ပြီး အဆုံးအရှုံးမခံနိုင်တော့။ သားလေးသာ တစ်ခုခုဖြစ်လျှင် သူမသေလိမ့်မည်။

"အန်တီက ဘယ်လိုစိတ်ကူးထားတာလဲ
ကျွန်တော်ကတော့ ဂျောင်ဂု လွယ်လွယ်နဲ့
မေ့ပျောက်နိုင်မယ်မထင်ဘူး"

"အန်တီ သားလေးကို အိမ်ထောင်ချပေးဖို့ စီစဉ်ထားတယ်"

မဖြစ်နိုင်လိုက်လေခြင်း။ ဂျောင်ဂုလောက် ရိုနာ့အပေါ် အစွဲလန်းလွန်နေတဲ့သူက နောက်တစ်ယောက်ကို ထပ်ချစ်ဖြစ်ဖို့ဆိုတာ။

"ဖြစ်ပါ့မလားအန်တီ .. ဂျောင်ဂုက အစွဲလန်းကြီးတယ်၊လောလောလတ်လတ်ကြီး ဖြစ်ထားတဲ့ကိစ္စဆိုတော့ လက်ခံဖို့ဆိုတာ .."

"အသည်းကွဲနေတဲ့ ဝေဒနာကို .. အချစ်သစ်နဲ့ ကုစားမှပျောက်မှာပေါ့သားရယ် .. အန်တီက သူ့မေမေပါ။ စကားနားထောင်ရမပေါ့"

Loyal Husband (Completed)Where stories live. Discover now