Part.30

2.2K 179 19
                                    

Unicode

ကိုယ်ဝန်ရှိစကာလမို့ မနက်ခင်းပိုင်းတွေမှာ ကိုယ်လက်မအီမသာဖြစ်ပြီး ပျို့အန်တာမျိုးတွေရှိလာသည်။အထူးသဖြင့် ထယ်ယောင်းရဲ့အကြိုက်ဖြစ်တဲ့ ပန်းရနံ့တွေရတိုင်း ပျို့အန်ချင်လာတာ။

တစ်ခါတစ်ခါကိုယ့်ဆီကထွက်တတ်သည့် ဖယ်ရိုမုန်းနံ့ပင်လျှင် မူးရီရီဖြစ်ရပြီး အဲ့ဒီလိုအချိန်ရောက်တိုင်း ဂျွန့်ဆီကရလေ့ရှိတဲ့ ထင်းရှူးရနံ့ဖယ်ရိုမုန်းကသာ ထယ်ယောင်းရဲ့ဖြေဆေးတစ်ခုလို။

ကလေးကသူ့ဖခင်ရဲ့ဖယ်ရိုမုန်းနံ့ကိုသဘောကျပုံရသည်။ဗိုက်ထဲမှာစရှိတဲ့ကာလအပိုင်းအခြားလေးမှာတင် ဖခင်ရဲ့အငွေ့အသက်ကိုခံစားတတ်နေပြီဖြစ်သည်။

ဒီနေ့က ဟာရုတိုလေးရဲ့ ၇နှစ်ပြည့်မွေးနေ့။ထယ်ယောင်းကမနက်ဝေလီဝေလင်းထဲက ထနှင့်ကာ ဝတ်ပြုဆုတောင်းပြီး ရုတိုလေးအတွက် မွေးနေ့လက်ဆောင်ပေးဖို့လဲအဆင်သင့်ပြင်ထားပြီးသား။

"ဂျွန်..ထတော့နော်..ကိုယ်မင်းအတွက် မနက်စာအဆင်သင့်လုပ်ထားတာ.."

ကျောခိုင်းထားသည့်ကျောပြင်ကျယ်ကိုပုတ်နှိုးလိုက်လျှင် အအိတ်ဆတ်သူပမာ ဆတ်ကနဲကုန်းထလာ၏။ပြီးလျှင် မျက်လုံးတွေကိုပွတ်သတ်ကာ လက်ချောင်းတို့အားထိုးဖွလိုက်ပြီး..

"အင်း..မောင်ညက နည်းနည်းနောက်ကျသွားလို့"

*ရွှတ်*

ထယ်ယောင်းရဲ့ပါးတစ်ဖက်ကို လေအလျှင်လိုဆတ်ကနဲ ဆွဲယူနမ်းရှိုက်သွားတော့တာ။

ထယ်ယောင်းဆေးရုံတက်နေသည့်ရက်နဲ့ အိမ်ပြန်ရောက်ပြီးလို့နောက်နေ့ကစပြီး မနက်ကထွက်သွားလျှင် နေဝင်မိုးချုပ်မှပြန်ပြန်လာတတ်တာဖြစ်သည်။

ရွာလူကြီးဂျောင်မြောင်ဆော့တို့အိမ်မှာ အချိန်ပြည့်ရှိနေတတ်ပြီး ထယ်ယောင်းက နိုင်ငံရေးသတင်းလေးများမေးမိလျှင် စကားစကိုအတင်းဖြတ်ချတတ်
တာတွေ။

ဒါတွေဟာသူပြန်လာပြီးနောက်ပိုင်းကစလို့ ဘာနေနေ ထယ် ယောင်းအပေါ်လျှို့ဝှက်တတ်လာတဲ့သူ့ရဲ့အကျင့်စရိုက်တချို့ပင်။

Loyal Husband (Completed)Where stories live. Discover now