Part.13

2.3K 200 32
                                    

Unicode

ဧပြီလအစဆိုပေမယ့် နေ့လည်ခင်းနေပူရှိန်က ရှိန်းရှိန်းနွေးနွေးကလေးရှိနေပြီး မြောက်ပြန်လေရဲ့ခပ်ဆဆတိုက်ခတ်မှုမှာ ခန်းဆီးစကလေးတွေ လေလမ်းကြောင်းအတိုင်း ယိမ်းနွဲ့ကခုန်ကာ လှုပ်ခတ်လို့နေသည်။

ထယ်ယောင်းသည် ခန်းဆီးစအကွယ်ကနေ ခြံထဲကိုအကြောင်းမဲ့ငေးမောလို့နေမိသည်။ယနေ့မနက်မှလတ်လတ်ဆတ်ဆတ်ကျင်းပခဲ့တဲ့ မင်္ဂလာပွဲဟာ ထယ်ယောင်းအတွက်တော့ အကျဉ်းတန်ရုပ်ဆိုးစေသည့် ပြယုဂ်တစ်ခုနှင့်အလားသဏ္ဍာန်ဆင်သည်။

နွေနေပူပူမှာ ခြံရှေ့က ပန်းဥယျာဉ်ထဲ ထယ်ယောင်းကိုယ်တိုင်ပျိုးထားခဲ့တဲ့ ဒေစီတွေဖွေးဖွေးလှုပ်ပွင့်လန်းနေကြသည်။ပူပြင်းသည့်နေရောင်ကိုအံ့တုပြီး အစွမ်းကုန်ပွင့်လန်းနိုင်တဲ့သတ္တိရှိတဲ့ ပန်းတွေကိုထယ်ယောင်းနှစ်သက်သည်။

ပန်းတို့ရဲ့သဘာဝဖြစ်တည်မှုဟာ ဖူးပွင့်ကာစမှသေဆုံးချိန်အထိ တင့်တင့်တယ်တယ်ပွင့်လန်းနိုင်ဖို့ပင်မဟုတ်ပါလား။ကြွေရဲသလိုသေရဲသည်။ထယ်ယောင်းဘဝဟာတော့ မဖူးပွင့်ခင်ထဲက သေနှင့်ပြီးသားသူတစ်ယောက်လို အရာရာဟာ အဓိပ္ပါယ်မဲ့လွန်းလှပါသည်။

မျက်စိထဲ ကိုယ်တိုင်စိုက်ထားခဲ့တဲ့ ပန်းတွေပွင့်တာကိုမြင်တိုင်းပျော်တတ်သည့်စိတ်ကလေးဟာ ယနေ့မှာတော့ နွမ်းလျှညှိုးရော်လို့နေသည်။ဆက်ကြည့်ချင်စိတ်မရှိတော့တာကြောင့် ခန်းဆီးစကို ဆွဲပိတ်ကာ မနက်ကမေမေတို့ကိုယ်တိုင်ပြင်ပေးခဲ့တဲ့ မင်္ဂလာဦးကုတင်ပေါ်မှာလဲလျောင်းရင်း မျက်ဝန်းတွေကိုဖိပိတ်ထားလိုက်သည်။

အနာဂတ်ဟာနိုးထလာစ ဆောင်းနံနက်ခင်းလို နှင်းထုတို့ဖြင့်ပိန်းပိတ်အောင်မှောင်မိုက်လို့နေသည်။နေရောင်ခြည်ကိုမျှော်လင့်မိပေမယ့် တချို့သော မျှော်လင့်ချက်တွေဟာ စောင့်ဆိုင်းလေရင်မောရလေဆိုတာကိုတော့...။

....................

"ကို..!"

ရိုနာက ဂျောင်ဂုကိုတွေ့တာနဲ့ ပန်းခြံထဲကနေအပြေးတစ်ပိုင်းထွက်လာကာ ဂျောင်ဂုကိုတင်းကျပ်စွာသိုင်းဖက်လို့ထားတော့သည်။

Loyal Husband (Completed)Where stories live. Discover now