Part.2

2.6K 175 3
                                    

Unicode

ဆောင်းဦးကာလသည် မနက်ခင်းပိုင်းတွင် နှင်းမြူတို့ဖြင့်ရစ်သိုင်းခြုံလျှက်ရှိပြီး နေ့လည်ခင်းပိုင်းတွင်တော့ နေရောင်ခြည်ခပ်နွေးနွေး၏ လွှမ်းခြုံမှုကြောင့် အနွေးဓာတ်ကလေးခပ်ရေးရေးမျှရတတ်သည်။

ကင်မ်အိမ်တော်၏မနက်ခင်းပိုင်းတွေသည် တိတ်ဆိတ်ငြိမ်သတ်လျှက်ရှိသော်လည်း နေ့လည်နေ့ခင်းပိုင်း တချို့နေ့ရက်တွေမှာတော့ ကက်ဆတ်မှသီချင်းသံ တညံညံဖြင့် ဆယ်ကျော်သက်လေးလို လှုပ်လှုပ်ရှားရှားရှိနေတတ်၏။

ထိုကက်ဆတ်သံရဲ့ တရားခံကတော့ မမလေးချယ်ယောင်းသာ။ မြို့တော်ခန်းမမှာ ကျင်းပတဲ့ပါတီရှိလျှင် မမလေးချယ်ယောင်းက အစ်ကိုဘိုဂမ်နဲ့ အကလေ့ကျင့်လေ့ရှိသည်။

အစ်ကိုဘိုဂမ်ဆိုတာက ကင်မ်မောင်နှမတွေနဲ့ ကလေးဘဝထဲက သိကျွမ်းလာသည့် တစ်ဦးတည်းသောအစ်ကိုဆိုလဲမမှား။ အိမ်ချင်းလဲနီးသလို မိဘတွေချင်းကလဲ ရင်းနှီးကြသည့်အနေအထား။

အခုလဲ နှစ်ယောက်သားအတိုင်အဖောက်ညီကာ အနောက်တိုင်းအကကို စည်းချက်ကျကျ ကခုန်နေကြ၏။ Emma (နာယောင်း)လေးကတော့ သူ့အမူအကျင့်အတိုင်း စာအုပ်နှင့်မျက်နှာကိုမခွာ။

မမလေး ချယ်ယောင်းတို့ ဘေးမှာထိုင်လျှက် စာဖတ်နေပြီး တစ်ချက်တစ်ချက် ချယ်ယောင်းတို့အား ခိုးကြည့်ကာ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေပါပြုလာတတ်၏။

ထယ်ယောင်းသည် နေ့စဉ်လုပ်ဆောင်နေကျ အိမ်မှုကိစ္စရေးရာတွေ ဆောင်ရွက်ပြီးသည်ကြောင့် အိမ်မကြီးအပေါ်ထပ် လေသာရာဘက်မှာ ဇာခြည်ထိုးခြင်းအမှုကိုအပြီးသတ်နေ၏။

"ယောင်းရယ် .. တစ်နေ့တစ်နေ့ ဒါတွေကြီးလုပ်နေရတာ မပျင်းဘူးလား Ellaနဲ့ တစ်ပုဒ်လောက်လာတွဲကစမ်းပါ။ အစ်ကို ဘိုဂမ်နဲ့ကရတာ ပျင်းလာလို့ !"

"ဒီနေ့ဒါလေးအပြီးသတ်ဖို့ မေမေကမှာထားလို့ပါ Ellaရယ်"

Ellaကတောင်းဆိုပေမယ့် ထယ်ယောင်းက အပြုံးလေးနှင့်သာ ခေါင်းခါလျှက်ငြင်းသည်။ ထယ်ယောင်းက ဘယ်အချိန်ကြည့်ကြည့် နုပျိုလတ်ဆတ်တဲ့ မနက်ခင်းလေးလို မျက်နှာလေးကအစ နုနုစင်ကာ အနေအထိုင်ကအစ သိမ်မွေ့ညံ့သက်တဲ့သူဖြစ်သည်။

Loyal Husband (Completed)Where stories live. Discover now