Part.19

2.8K 222 39
                                    

Unicode

"မင်း ရေအရင်ချိုးလိုက်လေ..ပြီးမှဒဏ်ရာကိုဆေးထည့်ရအောင်"

"အဟွန်း..ဒီအခန်းက ခင်ဗျားအခန်းလား"

အခန်းထဲသို့ရောက်လျှင် ထယ်ယောင်းရဲ့ကုတင်ပေါ်ဆွေ့ကနဲဝင်ထိုင်ကာ အခန်းပတ်ပတ်လည်ကိုစစ်ဆေးနေသည့်သူကြောင့် သူ့ခန္တာကိုယ်ကြီးကို အတင်းဆွဲထူလိုက်ရင်းမှ

"အဲ့ဒီလိုညစ်ညစ်ပေပေနဲ့ ဝင်မထိုင်နဲ့လေ ဒီမှာအကုန်ပေကုန်မှာပေါ့"

"အဖြစ်သည်းနေလိုက်တာ မြေကြီးတွေကဖြင့်ခြောက်နေပြီ"

လေသံကအမျိုးမျိုးပြောင်းလဲတတ်လွန်းသည်။ ကိုကို့ရှေ့မှာတစ်မျိုး။မေမေတို့ရှေ့မှာကတစ်မျိုး။မင်းသားတောင် သူ့လောက်အိုက်တင်လုပ်တတ်မည်မထင်။

"ဒါဖြင့်လဲ ရေတော့အရင်ချိုးမှပေါ့..ရေချိုးပြီးရင်ဝတ်ဖို့အဝတ်အစားကောပါသလား"

"ဘယ်ပါမလဲ..မောင် ညကရုံးမှာပဲပြန်အိပ်လိုက်တာ
ဒီမနက် အိမ်ကိုတောင်မဝင်ခဲ့ဘူး ခင်ဗျားဆီချက်ချင်းလာခဲ့ရတာ..မေမေရှိတဲ့မြောင်ဒုံကိုတောင်မဝင်ဘဲ တန်းလာခဲ့တာတောင်အမောကမပြေဘူးနော် ဟွန်း!!"

ဒါဆိုညက သူကရုံးမှာရှိနေခဲ့ပြီး ဟိုမိန်းကလေးကအိမ်မှာရှိနေခဲ့တာပေါ့။ဘယ်သူကကောသူ့ကို ကိုယ့်ဆီလာခဲ့ဖို့ခေါ်မိလို့လဲ။သူ့စိတ်သူ့သဘောနဲ့လူရှေ့ရောက်ချလာပြီး အခုတော့ ထယ်ယောင်းကပဲအပြစ်ဖြစ်ရပြန်သည်။

"မင်းအတွက် ရေချိုးပြီးရင်ဝတ်ဖို့အဝတ်အစား ထုတ်ထားပေးနှင့်မယ်..ကိုယ့်အင်္ကျီက မင်းနဲ့တော့တော်ပါ့မလားဘဲ"

"ဟေ့..စကားကိုကွေ့ဝိုက်ပြီးမပြောနဲ့နော် ထယ်
မောင်တကယ်ဒေါသထွက်နေတာ..အဲ့ဒီကောင်အချိုးကမဟုတ်သေးဘူး"

ဂျောင်ဂုကသာ ဒေါသတွေလှိမ့်ထွက်နေမိတာ။ကာယကံရှင်ဖြစ်တဲ့ သူ့omegaက သူဘာဖြစ်နေသလဲသိမယ့်ပုံမပေါ်။ဒီလောက်အထိ အေးတိအေးစက်နိုင်တာတော့မကောင်း။

အခုလဲ အေးအေးလူလူပင် ဘီရိုထဲကအဝတ်အစားတွေကို တစ်ထည်ခြင်းရွေးလို့နေလျှင် စိတ်မရှည်တော့တာကြောင့် အနားကိုကပ်သွားလိုက်ပြီးနောက်...

Loyal Husband (Completed)Where stories live. Discover now