Part.31

1.8K 175 15
                                    

Unicode

ညလယ်ခေါင်မှာသည်းကြီးမည်းကြီး ရွာချလာတဲ့ မိုးစက်မိုးပေါက်များက ထယ်ယောင်းမျက်နှာနှင့်ခန္တာကိုယ်ပေါ်သို့ တစ်ပေါက်ပြီးတစ်ပေါက်ကျဆင်းလို့လာလျှင် ဖိပိတ်ထားတဲ့မျက်ဝန်းအိမ်တွေမှာ အလိုလိုဖွင့်ဟမိသွားရပြီး...

*ဂျိန်း! *

တစ်နှစ်ပတ်လုံးပူထားသည်အပူရှိန်ကြောင့် လျှပ်စီးကြောင်းတို့က မှောင်မဲနေတဲ့ကောင်းကင်ထက် နေရာယူကာကူးချည်သန်းချည်ဖြတ်ပြေးနေကြသည့်နှယ်။

အဝေးကနေမှိုင်းပြပြမြင်နေရသည့် မီးစမီးလျှံတို့သည် မိုးစက်များကြောင့် ငြိမ်သက်သွားရပြီး မီးခိုးငွေ့တွေကတော့ တမြေ့မြေ့ကျန်ရှိနေဆဲဖြစ်သည်။

ညလည်ခေါင်ရောက်လာပြီး မိုးရေကြောင့်ရွှဲရွှဲစိုနေသည့် ခန္တာကိုယ်ကတုန်ခိုက်လို့လာ၏။လေယာဉ်သံတွေစဲသွားပေမယ့် ထယ်ယောင်းတို့အကုန်လုံး တွင်းထဲကနေမထရဲသေး။

အရှိန်နဲ့ တွင်းထဲကိုကျထားသည်ကြောင့် ခန္တာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလို နာကျင်စပြုလာသည်။ထယ်ယောင်းသည်မျက်လွှာကိုချထားရင်းမှ လည်ပင်းမှာလွယ်ထားသည့် ကင်မရာလေးမိုးရေမစိုဖို့ ဖုံးဖိရသေးသည်။

ဒီကင်မရာလေးထဲမှာ အမှတ်တရတွေရှိနေသည်မို့ ပျက်ဆီးသွားလို့မဖြစ်။မနက်မိုးလင်းတာနဲ့ ရုတိုကိုအရင်ရှာမည်။ပြီးတာနဲ့ ဂျွန်ဂျောင်ဂု ပြန်ရောက်လာတာကိုစောင့်ပြီး သူ့မေမေရှိတဲ့ မြောင်ဒုံမှာ ဖြစ်ဖြစ်လိုက်နေဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။

စိတ်ထဲကဆုတောင်းထားသလို အဆင်ပြေဖို့တွေးမိပါသည်။ရုတိုကလိမ္မာပြီးသိတတ်တဲ့ ကလေးပေမို့ အန္တရာယ်ကင်းမှာပါ။

ညည့်နက်လေ မိုးကသည်းလေဖြစ်လာသည်။တောင်ကမ်းပါးတွေနဲ့ကွယ်လို့ မိုးရေတွေသိပ်မဝင်ပေမယ့် ထယ်ယောင်းတစ်ကိုယ်လုံးခိုက်ခိုက်တုန်စပြုလာ၏။

ဒုခေါင်းဆောင်ဂျောင်တို့သားအဖနဲ့ လမ်းလွဲသွားတာဖြစ်ပြီး သူတို့လဲအဆင်ပြေပြေရှိလောက်မှာပါ။ထယ်ယောင်းဘေးနားမှာရှိသမျှသူတိုင်း ဘေးကင်းဖို့မျှော်လင့်ပါရဲ့။

Loyal Husband (Completed)Where stories live. Discover now