Part.33

1.8K 167 18
                                    

Unicode

သုံးလခန့်ကြာပြီးနောက်...

လက်ရှိအခြေအနေအရ ဂျောင်လာခရိုင်ဒေသတစ်ခုလုံးကို စစ်တပ်လက်အောက်သို့ သွပ်သွင်းလိုက်သည်ကြောင့် ဆူပူထကြွမှုများကတအုံ့နွေးနွေးသာကျန်တော့၏။

နာဂျူ၊ဂွမ်ဂျူမှ ဒုက္ခသည်များ မြို့ပေါ်သို့ပြောင်း
ရွှေ့လာကြပြီး တချို့အညံ့ခံဒူးထောက်သူတွေလဲရှိလာသည်။ တကယ်တမ်း အကျပ်အတည်းဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့လာရချိန်မှာတော့ ဘယ်သူမှကြာကြာတောင့်မခံနိုင်။

စစ်ဆိုတာ အဲ့သည်လိုအပြောင်းအလဲအချိုးအကွေ့တွေနှင့်။

ထယ်ယောင်းသည်ပင်လျှင် အပြောင်းအလဲ လှည့်ကွက်တွေကြား ရှင်သန်ခဲ့ရသည်မှာ သုံးလတင်းတင်းပင်ပြည့်ခဲ့ပြီ။လွှတ်တော်အမတ်ချုပ်ကင်မ်၏တရားဝင် သားတစ်ယောက်အနေဖြင့် ပွဲထုတ်ခြင်းခံရပြီးနောက်ပိုင်း ပါတီပေါင်းစုံ ဧည့်ခံပွဲပေါင်းစုံနောက်မဖြစ်မနေလိုက်နေရတော့တာ။

"ယောင်းငယ်..ကိုကိုနဲ့အပြင်ခဏလိုက်ခဲ့မလား.."

ကိုကိုဟာ အခုနောက်ပိုင်း လွှတ်တော်အမတ်ရဲ့ အိမ်ကိုအဝင်အထွက်စိပ်လာသည်။ကိုကို့ဖေဖေဖြစ်သူ ကာချုပ်မှူးပတ်နဲ့အတူလာတတ်သလို တခါတရံများတွင်တော့ တစ်ယောက်တည်းသာ။

ပြီးလျှင် လွှတ်တော်အမတ်ရဲ့စာဖတ်ခန်းထဲ တစ်နာရီကျော်ကြာ စကားပြောပြီးမှ ထယ်ယောင်းကိုနှုတ်ဆတ်ပြီးပြန်တတ်၏။ ကင်မ်အိမ်တော်မှာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ ကိုကို့ရဲ့နူးညံ့တဲ့ပုံစံပျောက်ရှနေပြီလို့ စိတ်ထဲခံစားနေရ၏။

"ဟေ့..ကိုကိုမေးနေတာကိုကွာ..."

ထယ်ယောင်းရဲ့ဆံပင်တွေထဲ လက်ထည့်ကာဆွဲဖွလိုက်တာမို့ လန့်ပြီး အနောက်သို့ဆုတ်မိလျှင် ကိုကို့လက်တွေ လေထဲမှာရပ်တန့်သွားပြီး မျက်နှာလဲမကောင်းတော့။

"အော..ကျွန်..ကျွန်တော် ခေါင်းနည်းနည်းနောက်နေလို့ပါ"

"ကိုယ်ဝန်ကအဆင်ပြေရဲ့လား ကလေးငယ်..ဆေးရောပုံမှန်ရဲ့လား"

"ပြေပါတယ်ကိုကို.. အရင်လိုအော့အန်တာမျိုးတွေမရှိတော့ပါဘူး"

Loyal Husband (Completed)Where stories live. Discover now