Part.4

2.1K 165 2
                                    

Unicode

တနင်္ဂနွေရုံးပိတ်ရက်မို့ ဖေဖေက Emma လေးနဲ့အတူ ခြံထဲမှာသတင်းစာဆင်းဖတ်နေသည်။ ထယ်ယောင်းကတော့ ဖေဖေတို့နဲ့ မလှမ်းမကမ်းမှာ ပန်းချီဆွဲဖို့အတွက် ဆေးစပ်နေဆဲ။

မနက်ဖြန် StarLight Art Gallery ဖွင့်ပွဲအတွက် ထယ်ယောင်းရဲ့ပန်းချီတွေကိုလေလံတင်ဖို့ကိစ္စရှိနေသည့်အတွက် အိမ်ကိစ္စတွေကို ဟယ်ဝန်လေးနဲ့ အပ်ထားရသည့်အဖြစ်။

ကင်းဘတ်စပေါ်မှာ တစ်ဝက်တိတိကျန်ရှိနေသေးတဲ့ ရုပ်လုံးမပီပြင်သေးတဲ့ ပန်းကလေးရဲ့နာမည်က လာဗင်ဒါ။ ထယ်ယောင်းရဲ့ ကိုယ်ပိုင် pheromone ရနံ့ဖြစ်တဲ့ ခရမ်းရောင် လာဗင်ဒါပန်း။

ပန်းချီကားနာမည်ကိုတော့ *စောင့်ဆိုင်းခြင်း လာဗင်ဒါ* လို့ ပေးထားသည်။

"ကိုကိုယောင်း .. ဟယ်ဝန်းကို ဒါလေးကူသယ်ပါ့ဦး"

လက်ဖက်ရည်အချိုပွဲဗန်းကို ခေါင်းမှာရွက်ထားပြီး လက်ထဲမှာကလဲ စာအုပ်တွေ တစ်ပွေ့တစ်ပိုက်ဖြစ်နေတဲ့ ဟယ်ဝန်းလေးရဲ့ပုံစံက ကို့ယို့ကားယားနိုင်လှလျှက်။

"မနိုင်ရင်ခွဲသယ်မှပေါ့ ဟယ်ဝန်းရယ် .. ကျကွဲရင် မေမေ့အဆူ ခံနေရဦးမယ်"

လက်ထဲကစာအုပ်တွေကိုကူသယ်ပေးတော့ မျက်နှာကလေးက ရှုံ့မဲ့သွားပြန်၏။

"သခင်မကြီးက အမြန်ပြန်ခဲ့လို့မှာလိုက်လို့ပါ ကိုကိုယောင်းရဲ့ဒါပို့ပြီးရင် သခင်မကြီးနဲ့ မီးဖိုဆောင်ဝင်ကူရဦးမှာ"

ဟယ်ဝန်းက ခပ်ညည်းညည်းကလေးဆိုလာ၏။ အမှန်ဆို မီးဖိုဆောင်ကိစ္စကို မေမေနဲ့ထယ်ယောင်းကိုင်တွယ်နေကျပါ။ ဒီနေ့ ထယ်ယောင်းမအားလပ်နေတာကြောင့် ဟယ်ဝန်းလေးကိုအကူညီတောင်းထားရခြင်းသာ။

ကင်မ်အိမ်တော်မှာက ထယ်ယောင်းနဲ့မေမေ မီးဖိုဆောင်ဝင်မှ ထမင်းစားမြိန်ကြသည်က အစွဲတစ်ခုလိုဖြစ်နေသည်။

"သမီးငယ်က အထက်တန်းအောင်ပြီးရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားသလဲ"

ထယ်ယောင်းတို့ရောက်လာတော့ ဖေဖေနဲ့ Emma လေးစကားလက်ဆုံကျနေတာနှင့်တိုး၏။

"တက္ကသိုလ်ဆက်တက်မှာပါ ဖေဖေ ၊ အဲ့ဒါပြီးရင် ဘွဲ့လွန်ဆက်တက်မယ် ၊ ပြီးရင် ကိုကြီးလိုပဲ လန်ဒန်ကိုပညာတော်သင်သွားမှာ ဖေဖေ"

Loyal Husband (Completed)Where stories live. Discover now