Part.22

2.8K 185 25
                                    

Unicode

Warning‼❗R-21+

"ဖယ်ရိုမုန်းထုတ်ပေး.."

ထယ်ယောင်းကတမင် မထုတ်ပေးဘဲနေလျှင် တောက်တခေါက်ခေါက်လုပ်ကာ လူကိုဒေါသထွက်ပြပြီး ကားစတီးယားဝှီးကိုကိုင်ကာ တစ်ပတ်လှည့်လိုက်လျှင် သူလှည့်သည့်အတိုင်းကားက လိုက်ရွေ့တော့တာ။

ထယ်ယောင်းမှာ သူ့ပေါင်ပေါ်ခွလျှက်သား အဲ့ဒီအနေအထားနဲ့ပဲ ပါသွားတာဖြစ်ပြီး ဦးတည်ရာကဘယ်ဆီမှမရှိဘဲ အဲ့သည့်အတိုင်းဇွတ်မောင်းနေလျှင်..

"မင်း ဘယ်လိုဖြစ်နေလဲ ဂျွန်ဂျောင်ဂု! "

လက်မောင်းကို အားနဲ့ခပ်ဆတ်ဆတ်ရိုက်ချလိုက်လျှင် ဂျွန်ဂျောင်ဂုက ကားကိုအမှောင်ရိပ်ကွယ်သည့် ဘက်ခြမ်းမှာ ထိုးရပ်လာကာ ထယ်ယောင်းကို ထီမထင်သည့်မျက်နှာဘေးဖြင့် ခပ်စူးစူးစိုက်ကြည့်လို့လာ၏။

"ဘာဖြစ်နေလဲဟုတ်သလား...ကိုယ့်ယောကျ်ားဘာဖြစ်နေသလဲတောင်မသိနိုင်တဲ့အထိ တစ်ဖက်လူဆီစိတ်ရောက်နေပုံပဲ ဟွန်း"

"ဟုတ်တယ် ရောက်တော့ဘာဖြစ်သလဲ.."

ဒေါသထွက်လာသည်ကြောင့် သူ့ရင်ဘတ်ကို တဘုန်းဘုန်းမြည်တဲ့အထိ ထုရိုက်မိလျှင် ထယ်ယောင်းရဲ့ လက်နှစ်ဖက်စလုံး သန်မာတဲ့ သူ့လက်တွေကြားထိန်းချုပ်ခံလိုက်ရပြီး..

"ရောက်နေရင် ကျုပ်ဆီပြန်လာအောင် လုပ်ပေးရတာပေါ့!"

ပါးစောင်ကို လျှာဖြင့်တစ်ချက်ထိုးလိုက်ပြီးနောက် ကိုယ့်ကို ဒေါသထွက်တဲ့ မျက်ဝန်းတွေနဲ့စူးစိုက်ကြည့်နေတဲ့ သူ့omegaကို ရင်ခွင်ထဲအတင်းဆွဲထည့်ပစ်လိုက်လျှင် အတင်းကိုရုန်းကန်တော့တာ။

သူ့omegaကသူ့ကိုသိပ် လျှော့တွက်လွန်းသည်။ ယောကျ်ားလုပ်သူရဲ့ဆန္ဒကိုတစ်ချက်ကလေးမှထည့်မတွေးသလို မသိကျိုးကျွံပြုနိုင်လွန်းသည်။ ဧည့်ခံပွဲမှာထဲက သူ့ဒေါသတွေကို ထိန်းချုပ်လာရတာဖြစ်သည်။

ဟိုကောင်နဲ့တင်အားမရလို့ လွှတ်တော်အမတ်ချုပ်ခေါ်တဲ့နေရာအထိ လိုက်သွားရဲတဲ့သတ္တိကို သူလေးစားသည်။အဲ့ဒီလူအိုကြီးရဲ့အကြောင်းကို သူကဘယ်လောက်သိလို့ ယုံစားသလဲတော့မသိ။

Loyal Husband (Completed)Where stories live. Discover now