Part.7

2.2K 171 5
                                    

Unicode

မြို့တော်ကနေစာရောက်လာတာကြောင့် ထယ်ယောင်းဖွင့်ဖတ်ပြီးအိမ်ကို လွမ်းဆွတ်သတိရစိတ်တွေဟာ တရစ်ရစ်တိုးလာမိသည်။Ella နဲ့သူ့သတို့သားလောင်းက နှစ်ဖက်မိဘသဘောတူ စေ့စပ်ကြောင်းလမ်းပြီးကြပြီတဲ့။

စာထဲမှာတော့ Ellaက သူလက်ထပ်ရတော့မှာမို့ရင်ခုန်နေကြောင်း..သူ့သတို့သားလောင်းက ဘယ်လိုဂရုစိုက်ကြောင်းတွေထည့်ရေးထားပုံအရဆို Ella ဘယ်လောက်အထိပျော်နေလိမ့်မလဲဆိုတာထယ်ယောင်းခန့်မှန်းမိပါသည်။

ထယ်ယောင်းကိုအဆင်ပြေရဲ့လားလို့စာထဲထည့်ရေးထားတာကြောင့် အဆင်ပြေကျန်းမာကြောင်းတော့ မေမေနဲ့ဖေဖေစိတ်မပူအောင်ပြန်စာထဲထည့်ရေးထားသည်။ ထယ်ယောင်းရဲ့သတို့သားလောင်းကိုလဲ Ellaနဲ့Emmaလေးကမေးထားပါရဲ့။ ဘယ်လိုဘယ်ပုံရှိသလဲတဲ့။

အမှန်တိုင်းဝန်ခံရရင် ဂျွန်ဂျောင်ဂုကို စစတွေ့ခြင်းနေ့ထဲက ထယ်ယောင်းရင်ခုန်ခဲ့မိတဲ့ ပထမဦး ဆုံးသောယောကျ်ားပါ။ မြင့်မားသောအရပ်နှင့် တောင့်တင်းသန်မာသော ကိုယ်နေဟန်က alphaတစ်ယောက်ဖြစ်သည့်အလျှောက်လားတော့မပြောတတ်ပါ။

အဲ့ဒီတုန်းက ထယ်ယောင်းဆီတည့်တည့်မတ်မတ်လျှောက်လာတဲ့ ခြေလှမ်းတွေကအစ အရှိန်အဝါတစ်ခုလိုထင်းထွက်နေခဲ့၏။ စစတွေ့ခြင်းနေ့မှာတင် ခပ်စူးစူးစိုက်ကြည့်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကြောင့် စပါးကြီးမြွေအညှို့ခံလိုက်ရတဲ့ယုန်ကလေးလို ဖြစ်သွားခဲ့ရတာ။

အဲ့ဒီနောက်ပိုင်း သူ့ကိုတွေ့တာနဲ့ မျက်နှာချင်းမဆိုင်ဖြစ်အောင် အတတ်နိုင်ဆုံးရှောင်သည်။ ထိပ်တိုက်တွေ့ရင်တောင် ထယ်ယောင်း သူ့မျက်နှာကို ရဲတင်းစွာမကြည့်နိုင်ခဲ့။

ခြံထဲက ကိစ္စဖြစ်ပြီးထဲက သူနဲ့မတွေ့အောင်ထယ်ယောင်းရှောင်နေမိသည်။လူကို အထိတ်တလန့်ဖြစ်အောင်မျိုးစုံလုပ်သည့်အပြင်အသားယူတဲ့လူ။ အဲ့ဒီအကြောင်းကို ပြန်တွေးမိတိုင်း လည်တိုင်ကို ပွတ်သတ်မိနေတုန်း။ ထယ်ယောင်းဟာ omega ဖြစ်သည့်အလျှောက်သိုသိုသိပ်သိပ် နေထိုင်ခဲ့ရသည်မို့ ဒီလိုကိစ္စမျိုးတွေနှင့်မရင်းနှီး။

Loyal Husband (Completed)Where stories live. Discover now