Part.36

1.7K 176 23
                                    

Unicode

နွေဦးရဲ့အဆုံးသတ်ဖြစ်တဲ့ မေလ...။

မေလဆိုတာ အပူရှိန်အမြင့်ဆုံးလဖြစ်ပြီး နေရောင်အောက်အံတုရင်း အစွမ်းကုန်ပွင့်လန်းကြတဲ့ ပန်းတွေပွင့်တဲ့ရာသီဆိုလဲမမှားပေ။

ထယ်ယောင်းသဘောကျရတဲ့ ဒေစီနဲ့ နေကြာပန်းတွေ အခုလောက်ဆို နေရောင်နဲ့အပြိုင် ပွင့်လန်းနေကြပြီထင်ပါရဲ့။အဲ့ဒီပန်းကလေးတွေဟာလေ နူးညံ့မလိုနဲ့ သိပ်ခံနိုင်ရည်ရှိတဲ့ပန်းလေးတွေပဲ။

နေရောင်အောက်မှာ အပူဒဏ်ကိုတင့်တင့်တယ်တယ်နဲ့ အစွမ်းကုန်ခံပြီးပွင့်လန်းနိုင်သလို ကြွေရတော့လဲအပင်ထက် တင့်တယ်စွာကြွေရဲဝေရဲတယ်။ဘယ်လောက်သတ္တိရှိလိုက်သလဲ။

ထိတွေ့ချင်မိတယ်..ရနံ့ကလေးတွေကိုလဲအလွတ်ရတဲ့အထိ သိမ်းမှတ်သွားချင်မိတယ်။ပြီးတော့..တစ်စုံတစ်ယောက်ဆီက ညံ့သက်စွာခူးလင့်ပန်ပေးမယ့် ခံစားချက်လေးကိုလဲ တစ်ခေါက်လောက်ဖြစ်ဖြစ်ရချင်သေးတာပါ။

တစ်နှစ်။တစ်နှစ်တဲ့..ထယ်ယောင်းနဲ့ဂျွန်ရဲ့ အိမ်ထောင်သက်တစ်နှစ်ပြည့်တဲ့ဒီမေလ။တိုက်တိုက်ဆိုင်ဆိုင် ထယ်ယောင်းဗိုက်ထဲက ပိုးဥလေးကိုတွေ့ခွင့်ရမယ့်လကလဲ မေလရဲ့အဆုံးသတ်ထဲမှာပဲ။

ပြက္ခဒိန်ထက်ရေးခြစ်ထားသည့် အမှတ်အသားလေးကိုကြည့်ရင်း သက်ပြင်းတွေချမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။နောက်ဆုံးတစ်ခေါက်တွေ့ပြီးထဲက ဂျွန့်ရဲ့သတင်းအစအနကိုတောင်မကြားရတော့တာ။

မျက်နှာပြောင်တိုက်တာမှန်းကိုယ်တိုင်သိပေမယ့် ကလေးလေးမွေးမယ့်အချိန်တော့ ဂျွန့်ကိုအနားမှာရှိစေချင်သည်။ထယ်ယောင်းရဲ့ ရူးမိုက်တဲ့အတွေးတွေထဲကတစ်ခုပါ။မဖြစ်နိုင်တော့ဘူးဆိုတာသိပေမယ်လို့ပေါ့။

သူ့အမေကိုသတ်တဲ့သူဟာ ကိုယ့်ဖခင်အရင်းဖြစ်နေတာနဲ့တင် ထယ်ယောင်း အရာအားလုံးကိုလက်လျှော့ခဲ့ပြီးသားပါ။တစ်ခုပဲ..အဲ့ဒီတစ်ခုပါပဲ။ကိုယ့်ကိုမင်းစိတ်နာနိုင်ပေမယ့် ကိုယ်တို့ရဲ့ကလေးကိုတော့ဒီအစွန်းထင်းတွေကြားမှာ မရှင်သန်စေချင်ဘူးဂျွန်ရယ်။

Loyal Husband (Completed)Where stories live. Discover now