Part.28

2.1K 192 14
                                    

Unicode

လမိုက်ညမို့ ကြယ်ရောင်လရောင်တို့ပျောက်နေပြီး အဝေးကနေအလျံညီးညီးတောက်လောင်နေတဲ့ မီးစနီနီတွေက ကောင်းကင်ထက် အညွန့်တလူလူတက်လို့နေ၏။

ပူလောင်အိုက်စက်တဲ့ရာသီမှာ ဗုံးခိုကျင်းထဲလူဆယ့်ငါးယောက်ခန့်မက ဝင်ပုန်းနေရသည်မို့ ကျပ်ညှပ်ကာ ချွေးနံ့၊လူနံ့တို့ဖြင့်ရောနှောလျှက် ထယ်ယောင်းခေါင်းတွေမူးရီရီဖြစ်လို့လာသည်။

လေယာဉ်သံတွေစဲသွားပေမယ့် ထယ်ယောင်းတို့နေရာကနေအခုထိမထရဲသေး။ရုတိုက ထယ်ယောင်းရဲ့ခါးကိုကျစ်နေအောင် သိုင်းဖက်ထားကာ ငိုနေရင်းမှ အိပ်မောကျသွားရှာသည်။နုငယ်သေးသည့် ကလေးပေမို့ လန့်သွားရှာတယ်ထင်ပါရဲ့။ထယ်ယောင်းတို့လို လူကြီးတွေတောင် အသက်ဘေးမို့ မနည်းပြေးခဲ့ရသည်မဟုတ်ပါလား။

"ဆရာကတော်..ဒီညတော့ ဒီမှာပဲသည်းခံပြီး ဖြစ်သလိုအိပ်လိုက်ကြရအောင်..အဆင်ပြေတယ်မဟုတ်လား"

"အော..ကိုယ်အဆင်ပြေပါတယ်.."

ဒုခေါင်းဆောင် ဂျောင်က ထယ်ယောင်းအနားကပ်ထိုင်လာလျှင် ကိုယ်လေးကိုတစ်ဖက်သို့တိမ်းရှောင်ထားလိုက်မိ၏။ဒုခေါင်းဆောင်ဆီကနေတစ်ချက်တစ်ချက် ရတတ်တဲ့ ဖယ်ရိုမုန်းနံ့က ထယ်ယောင်းကို ပို၍မူးဝေလာစေ၏။

"ကြောက်နေသလား ထယ်ယောင်းရေ..မကြောက်နဲ့နော်
မင်းဘေးမှာ ဦးတို့ရှိတယ် ဟုတ်ရဲ့လား.."

"ဟုတ်ကဲ့..ကျွန်တော် နည်းနည်းလန့်သွားရုံလောက်ပါပဲ"

" ခေါင်းဆောင်က သူ့အိမ်သူလေးကို သွားသာသွားတာ စိတ်ချတာမဟုတ်ဘူး..သိပ်အရေးကြီးလို့သာ.."

ထယ်ယောင်းရဲ့မျက်ဝန်းအိမ်ကလေးတွေထက်မှာ မျက်ရည်စလေးတွေပြည့်လျှံလို့လာတော့၏။ထယ်ယောင်းသူ့ကိုသတိမရဘူးလို့ပြောလျှင်လိမ်ရာကျမည်။ အခုလိုအခြေအနေမှာ ဂျွန်ဂျောင်ဂုကိုအနားမှာပို၍ရှိစေချင်လှသည်။

"ယောကျ်ားကခရီးသွားနေရင် အိမ်မှာရှိတဲ့သူက မငိုကောင်းဘူးကွဲ့"

မျက်နှာချင်းဆိုင်မှာရှိတဲ့ ရုတိုရဲ့အဖွားက သတိပေးလာလျှင် ကျလုဆဲဆဲမျက်ရည်တွေကို မျက်တောင်လေးဖြင့် ပုတ်ခတ်ကာ သိမ်းဆည်းလိုက်ရသည်။

Loyal Husband (Completed)Where stories live. Discover now