Part.20

2.4K 190 14
                                    

Unicode

မှေးကနဲအိပ်ပျော်သွားခိုက်မှာ ခြံတံခါးတွန်းဖွန့်သံ၊ဆွဲပိတ်သံတို့နှင့်အတူ ခြံထဲသို့မောင်းဝင်လာသော ကားစက်သံခပ်ငြိမ့်ငြိမ့်ကိုကြားလျှင် အကျင့်ရနေသော သောတအာရုံကြောင့် မျက်လုံးတွေဆတ်ကနဲပွင့်၍နိုးလာရ၏။

ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူ့omegaက ကလေးတစ်ယောက်နှယ်ဖြူစင်လွန်းလှသည်။ကိုယ်လက်နှီးနှောခြင်းကြောင့် နှဖူးပြေပြေလေးထက်မှာ ချွေးစလေးတွေ ကပ်ထင်နေပြီး သူ့လက်ဖြင့် ခပ်ဖွဖွဖယ်သုတ်ပေးမိလျှင် ခန္တာကိုယ်လေးက တစ်ချက်လူးလွန့်သွားရပြီးနောက် အိပ်စက်ခြင်းဆီသို့ တစ်ဖန်ပြန်၍ကူးသွားလျှင် သူသည် ကုတင်ထက်မှ အသာလေးဆင်းလိုက်၏။

ကုတင်အောက်ကျနေတဲ့အဝတ်အစားတွေကို ကောက်ဝတ်ကာ လေလာရာ ပြုတင်းတံခါးဘက်သို့ တိတ်တိတ်ကလေး ခြေချရပ်လျှက် ခြံထဲသို့အကဲခတ်မိလျှင် ဝါကျင့်ကျင့် မီးတိုင်တွေအောက် ဖြတ်၍မောင်းဝင်လာသည့် အနက်ရောင်အော်စတင်ကားနှစ်စင်း။

အချိန်ကားညကိုးနာရီ မတ်တင်းကိုပြနေသည်။အနက်ရောင်ကားရဲ့ ဘေးဘက်မှာရှိတဲ့ မက်ကပ်ပေါ်မှာထိုးစိုက်ထားသည့် KCIA(ကိုးရီးယား ဗဟိုထောက်လှမ်းရေး အေဂျင်စီ)
အမှတ်အသားပါသည့် အလံကိုမြင်လျှင် ဂျောင်ဂုရဲ့ မျက်ခုံးတန်းတွေသည် အလိုလိုကုတ်ချိုးလို့သွားရ၏။

ဒုတိယတစ်စီးမှာမူ သာမန်အဆင့်မြင့်ကားတို့သဘောအတိုင်း ဘာအဆောင်အယောင်မျှရှိမနေ။ ပေါ်တီကိုအောက်သို့ ကားထိုးဆိုက်လာလျှင် KCIAမှ အကြီးအကဲ ဒါရိုက်တာ ကင်မ်ဂျယ်ဟွမ်နှင့် မြို့တော်ဝန်ချွဲတို့က စကားတပြောပြောနှင့် ကားပေါ်ကဆင်းလာကြသည်။

သူတို့နောက်မှာတော့ သူ့omegaရဲ့ဖခင်ဖြစ်သူ လက်ရှိမှာယာယီဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်းခံထားရတဲ့ ဝန်ကြီးချုပ်ကင်မ်မင်ယောင်းက ဒုတိယကားပေါ်ကနေလိုက်၍ဆင်းလာ၏။

ဂျောင်ဂုသည် အခန်းထဲမှအသာလေးထွက်လာခဲ့ပြီးနောက် ထောင့်တစ်နေရာတွင် ပုံးလျှိုလျှက်ခေတ္တနေနေမိလျှင် သိပ်မကြာခင်မှာဘဲ တစ်ဖက်အခန်းထဲသို့ အလျှိုလျှိုဝင်သွားကြသည့် လူကြီးသုံးယောက်ကြောင့် အကွယ်လေးကနေတစ်ဆင့် တိတ်တဆိတ်နားစွင့်နေလိုက်၏။

Loyal Husband (Completed)Where stories live. Discover now