Part.24

2.2K 172 34
                                    

Unicode

ဘူဆန်မှနေ ဂျောင်လာခရိုင်အထိ ရောက်ဖို့ကားစီးချိန်က သုံးနာရီမျှကြာသည်။လမ်းမှာ စစ်ဆေးရေးဂိတ်အထပ်ထပ်ကို ဖြတ်သန်းလာရသည်။ညနေစောင်းလုလုဆိုပေမယ့် ကားလမ်းတကြောမှာတော့ ထယ်ယောင်းတို့ကားလေးတစ်စီးသာ အထီးကျန်စွာဖြတ်မောင်းနေတာဖြစ်သည်။

စစ်ဆေးရေးတစ်ဂိတ်ရောက်တိုင်း လာသမျှကားတို့အားတားကာ မေးမြန်းစစ်ဆေးတတ်သည်မို့ ခရီးကလိုတာထက်ပိုဖင့်လှသည်။ဂျောင်လာခရိုင်ထဲဝင်လာတော့ ကားလမ်းတကြောဘေးဘက်မှာ စပါးခင်းဝါဝါတွေကိုတွေ့ရသည်။

ရွှေဝါရောင်စပါးတွေက ညနေခင်းနေရောင်ရဲ့အောက်မှာ ဂုတ်တွေကျိုးနေပြီဖြစ်ပေမယ့် လယ်ကွင်းအနံ့နဲ့ စပါးအနံ့ကသင်းလို့နေ၏။နာဂျူက မတိုးတက်သေးတဲ့နယ်မြေဖြစ်တဲ့အလျှောက် ဒီဒေသ နယ်ပယ်တကြောသည် ဆူပူအုံကြွမှုတွေမရှိ။

လယ်ယာလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်း ပြုရသည်မို့ ကားလမ်းတကြော စပါးခင်း၊ပြောင်းခင်းနှင့် ပဲခင်းတွေကစုံလှသည်။တစ်ခါတစ်ရံသဘာဝအလျှောက် စီးဆင်းနေသည့် ချောင်းရေကြည်ကြည်လေးတွေက ယာခင်းတွေအထိ စီးဆင်းနေသည်မှာ မျက်စိပဒေသာရှိလှပေသည်။

ထယ်ယောင်းသည် ကားမှန်ကိုချလိုက်ကာ လက်
ကလေးကိုအပြင်ထုတ်လျှက် ညနေခင်းလေရဲ့အရသာကိုခံစားနေမိ၏။ညနေစောင်းဖြစ်သည့်အတွက် အခင်းတွေထဲမှာ စပါးသိမ်းတဲ့သူကသိမ်း၊နွားဆွဲတဲ့သူကဆွဲဖြင့် နာဂျူနွေညနေခင်းရဲ့ပန်းချီကားတစ်ချပ်ဟာ အသက်ဝင်လှပေသည်။

ဆည်းဆာရောင်ဖြာသည် ကားလမ်းမပေါ်ကို ထိုးကျနေသည်ကြောင့် ထယ်ယောင်းက scarf ပုဝါအညိုလေးကို ခေါင်းတွင်ဆောင်းကာ မေးမှာချည်လျှက်စီးနှောင်ထားလိုက်၏။တံခါးဖွင့်ထားသည်ကြောင့် မြောက်ပြန်လေကတဖြူးဖြူး။လယ်ကွင်းတွေကိုဖြတ်နေရသည်ကြောင့် စပါးနံ့သင်းသင်းက စိတ်အစဉ်ကိုလန်းသွားစေ၏။

ဂျွန်ဂျောင်ဂုက ကားကူရှင်ကိုခေါင်းမှီထားကာ လက်ပိုက်ထားလျှက် မှိန်းနေတာဖြစ်သည်။အမြဲလိုလို စုကျုံ့ထားတတ်သည့် မျက်ခုံးတန်းတွေ ပြေကျနေသည့် မျက်နှာကျမှာ အလွန်ပင်ကြည့်ကောင်းလှ၏။

Loyal Husband (Completed)Where stories live. Discover now