Part.21

2.4K 183 22
                                    

Unicode

ထယ်ယောင်းသည် ပီယာနို benchပေါ်ကဆင်းလာလျှင် ကိုကို့ဆီကနေ ဂုဏ်ပြုမှုကိုခံရသည်ကြောင့် မျက်လွှာလေးချလျှက် ခံယူမိ၏။ ကိုကိုဟာ ထယ်ယောင်းရဲ့အကြိုက်ကို သိပ်အလိုက်သိတဲ့ အမျိုးသားတစ်ဦးဖြစ်သည်။

"ယောင်းငယ်ရဲ့ လက်သံက သိပ်နားထောင်လို့ကောင်းတယ်
ကိုကိုဖြင့် သင်ပေးရကျိုးနပ်လိုက်တာ"

"မြှောက်ပင့်နေပါပြီကိုကိုရယ်..ယောင်းမနေတတ်တော့ဘူးနော် ဟင်းဟင်း..!"

ချီးကျူးမှုကြောင့် ထယ်ယောင်းမှာမနေတတ်အောင် ဖြစ်ရသည်။ ဧည့်ခံပွဲသို့ တက်ရောက်လာကြတဲ့ ပရိတ်သတ်တိုင်းရဲ့ အကြည့်တွေဟာ ကိုကိုနဲ့ထယ်ယောင်းဆီမှာသာ။

ဖေဖေနဲ့မေမေဟာလဲ ထယ် ယောင်းကိုပြုံးလျှက် လက်ခုပ်သြဘာပေးနေကြသည်။Ellaရဲ့မျက်နှာကလေးဟာ ညရဲ့မီးရောင်ဖွေးဖွေးအောက် နုနုစင်လို့နေ၏။သူ့အမျိုးသားရဲ့လက်ကို တွဲချိတ်ထားသည့်ပုံကလေးဟာ ယုံကြည်ချက်အပြည့်နှင့်မော်ကြွားလို့နေ၏။

ဒီလိုဆိုတော့ ထယ်ယောင်းမှာ ဂျွန့်ကိုသတိတရရှိရပါသည်။ မနက်ကတည်းက စကားများကာ အိမ်ကထွက်သွားသည်ကြောင့် မေမေတို့မေးသည့်အခါ ထယ်ယောင်းမှာ အဆင်ပြေအောင်ဖြေထားပေးရသည်။

ဖေဖေကတော့ သူရောက်နေကြောင်း သည်နေ့မနက် ထယ်ယောင်းပြောမှသိသည်မို့ အားနာနေရှာသည်။အားလုံးက ညီမလေးကိစ္စနဲ့ မအားလပ်နေကြသည်က ပြဿနာရဲ့အစဖြစ်နေခဲ့သည်လားမပြောတတ်တော့။ထယ်ယောင်းမှာ ဘာကိုခေါင်းစဉ်တပ်ပြီး အပြစ်ရှာရမှန်းတောင်မသိတော့ပေ။

"အန်ကယ်..ဘယ်တုန်းကရောက်သလဲ! "

ကိုကိုရဲ့နောက်ကျောဘက်မှာရပ်နေသည့် လူကြီးမင်းကို မြင်လိုက်လျှင် ကိုကိုကော ထယ်ယောင်းပါ တစ်ယောက်မျက်နှာတစ်ယောက် အပြန်အလှန်ကြည့်မိကြသည်။

ထို့နောက်မှာတော့ ကိုကို့ဘက်ကနေ မိတ်ဆက်လာမှုကြောင့် ထယ်ယောင်းပါ ခေါင်းလေးကိုငုံ့၊ ခါးလေးကိုလေးဆယ့်ငါးဒီဂရီ ကိုင်းညွတ်ကာ အရိုအသေပြုလိုက်မိလျှင်..

"အန်ကယ်ဒီနေ့မနက်မှ ပြန်ရောက်တယ် ငါ့တူ!
မင်းဒယ်ဒီတော့ ခရီးကပြန်ရောက်ကတည်းက သိပ်မဟန်ဘူးနဲ့တူပါရဲ့။သားကိုပဲလွှတ်လိုက်တယ်ဆိုပါတော့"

Loyal Husband (Completed)Where stories live. Discover now