Part.34

1.6K 176 12
                                    

Unicode

နိုင်ငံရေးမငြိမ်သပ်မှုအားအကြောင်းပြ၍ နယ်မြေကျူးကျော်လာသူမြောက်ဘက်မှ ဒုက္ခသည်တချို့နှင့် သူလျှိုများပေါ်ပေါက်လာခြင်းကြောင့် ဒီရက်ပိုင်းအမြဲလိုလို အဖေကဒေါသထွက်နေတတ်၏။

ဆူပူအုံ့ကြွမှုတွေအနည်းအကျဉ်းရှိနေတုန်းပေမယ့် အရင်ကလောက်တော့ တက်ကြွသံတွေမပါနေတော့။ဆန္ဒပြတာမိတာနဲ့ ပစ်သတ်ခွင့်အမိန့်အပြင် သေရာပါလောက်သည့် ဖမ်းဆီးအပြစ်ပေးမှုတွေကြောင့် မြို့တော်တစ်ခွင် ဆူပူလှုပ်ရှားမှုများတဖြည်းဖြည်း ပါး၍လာတော့သည်။

တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး မျက်စိပိတ်နားပိတ်ဘဝနှင့် မသိမမြင်သလိုဟန်ဆောင်ကာနေရသည့် ခေတ်ပျက်ကြီးထဲ ရှင်သန်လာရသည့် မျိုးဆက်သစ်လူငယ်တွေရဲ့ဘဝ။

အကျင့်ပျက်ချစားထားတဲ့ မီဒီယာရဲ့လှည့်ကွက်အောက် အယုံလွယ်လွန်းသည့် ရှေးလူကြီးတွေရဲ့ တစ်ဖက်ပိတ်အယူသီးမှုများ။

မရုန်းထွက်နိုင် ပိတ်လှောင်ခံရသည့် အညွန့်တက်ခါစဖျက်ချခြင်းခံလိုက်ရသည့် လူငယ်တွေရဲ့ဘဝဟာ မှောင်မိုက်လွန်းသည့် အနာဂတ်ထဲစမ်းတဝါးဝါးဖြတ်လျှောက်နေရသည့်နှယ်။

ထယ်ယောင်းတို့အားလုံးလိုအပ်နေသည့် အလင်းတန်းတစ်ခုကိုအဘယ်မှာများ ရှာဖွေနိုင်ပါလိမ့်မလဲ။ကိုယ်တိုင်ကဖြင့် မစွမ်းဆောင်နိုင်သည့်အပြင် ရန်သူ့အားပေးသည့်နှယ် အဖေခေါ်သမျှပွဲတိုင်းအလိုလို မျက်နှာပြဟန်ရေးလုပ်ကာ တက်ရတဲ့ပွဲပေါင်းကမနည်းတော့။

ဒီနေ့ မြို့တော်အလည်ခေါင်မှာ ကျင်းပမည့် open houseပါတီသို့တက်ရောက်ဖို့ အဖေ့ရဲ့ငြင်းဆိုခွင့်မရှိတဲ့အမိန့်ကြောင့် ထယ်ယောင်းသည် မှန်တင်ခုံထက်ထိုင်ကာ ပြင်ဆင်နေမိတော့တာ။

မွေးစားမိဘတွေပိုင်သည့် star lightမှာကျင်းပတဲ့ပွဲ။အာဏာရှင်တချို့နှင့် အထက်တန်းလွှာအသီးသီးမှ လူကြီးမင်းများပါဝင်သည့်ပွဲမို့ အဖေကပိုက်ဆံအကုန်ကျခံကာ တန်ဖိုးကြီးအဆောင်အယောင်များအား ထယ်ယောင်းကိုသုံးစွဲခွင့်ပြုထားလေသည်။

Loyal Husband (Completed)Where stories live. Discover now