Part.29

2.3K 182 13
                                    

Unicode

ဒုခေါင်းဆောင်ဂျောင်နဲ့ ရွာလူကြီးတို့ပြန်သွားကြတဲ့အထိ ထယ်ယောင်းတို့ စကားမဆိုမိကြ။ရုတိုကိုတော့ ထယ်ယောင်းအနား ခိုင်းပြုရအောင်လို့ ဂျွန်က ခေါ်ထားလိုက်တာဖြစ်သည်။

ပိုးသတ်ဆေးနံ့၊သွေးညှီနံ့များနှင့် လှိုင်လှိုင်ထနေသော ဆေးရုံရဲ့အငွေ့အသက်က မနှစ်မြို့ဖွယ်ကောင်းလှသည်။

ထယ်ယောင်းသည် လွတ်နေသည့် လက်ကလေးတစ်ဖက်ဖြင့် ဗိုက်ကလေးကိုအသာလေး ထိတွေ့ကာ ပွတ်သပ်နေရင်းမှ စိတ်ထဲကနေလဲအကြိမ်ကြိမ် တောင်းပန်နေမိ၏။

ထယ်ယောင်းရဲ့ပေါ့ဆမှုကြောင့် ကလေးလေးနာကျင်ခဲ့ရမှာ။သူကလေးဘယ်အချိန်က ရောက်လာခဲ့မှန်းမသိလိုက်ပေမယ့် ကိုယ့်ဆီမှာ အန္တရာယ်နဲ့ကြုံနေတဲ့အချိန်မှာတောင် ထားမသွားတဲ့ ဒီကလေးလေးဟာ ထယ်ယောင်းရဲ့ဒုတိယရှင်သန်ရာ ကမ္ဘာငယ်လေးပင်။

"သူ..အထဲမှာ ကောင်းကောင်းရှိနေတာ"

"...."

"သူရောက်နေတာ တစ်လလောက်ရှိပြီတဲ့..သူနာပြုလေးကမောင့်ကိုပြောပြတယ်.."

ထယ်ယောင်းရဲ့ ပြားကပ်နေသေးသည့် ဗိုက်သားကလေးကို လက်ညှိုးထိုးကာ ပြောလာတဲ့ ဂျွန့်ရဲ့မျက်ဝန်းတွေထက်မှာ မျက်ရည်တွေရစ်သိုင်းလို့နေ၏။

"မင်း ပျော်နေရဲ့လား ဂျွန်..ကိုယ်ဒါလေးပဲသိချင်ပါတယ်.."

"ဘယ်လိုမေးလိုက်တာလဲ ထယ်ရယ်..မောင်ကမပျော်ပဲရှိမလား
ဒီကောင်ရောက်လာဖို့ မောင်ဘယ်လောက်စောင့်လိုက်ရသလဲ.."

မျက်ဝန်းထောင့်စွန်းကနေ စီးကျချင်လာတဲ့ မျက်ရည်စတွေကို လက်သန်းကလေးဖြင့် တို့သုတ်မယ်ပြုတော့ ကျွန်တော့်omegaလေးက ကျွန်တော့်မျက်နှာကို အုပ်ကိုင်ကာ ခပ်ဖွဖွလေးပွတ်သပ်ပေးလာလျှင် လက်ချောင်းကလေးတွေကိုဆွဲယူကာ နှုတ်ခမ်းဖျားနား ကပ်ထားမိတော့တာ။

ဂျောင်ဂုအနေနဲ့ သူ့အပေါ်မှာတာဝန်တွေအများကြီး လစ်ဟင်းခဲ့မိတယ်။အထူးသဖြင့် ဒီလိုကျပ်တည်းနေသည့်အခြေအနေမှာ မိသားစုထက် ခေါင်းပေါ်ပုံကျနေသည့် တာဝန်တွေကိုသာ ရှေ့တန်းတင် ဦးစား ပေးခဲ့တာဖြစ်သည်။

Loyal Husband (Completed)Where stories live. Discover now