Part.15

2.7K 203 32
                                    

Unicode

ခြံဝန်းထဲသို့ထိုးဆိုက်ဝင်လာသည့် ကားစက်သံ ငြိမ့်ငြိမ့်ကိုကြားလျှင် ဂျောင်ဂုသည် သောက်လက်စ စီးကရက်ကို ပြာခွက်ထဲထိုးချေထည့်ကာမီးကိုသ တ်လိုက်၏။

ခန်းဆီးလိုက်ကာစကိုအသာလှပ်လျှက် ကြည့်မိလျှင် ပေါ်တီကိုရဲ့အပြင်ဘက်မှာရပ်ထားသည် အညိုရောင်အော်စတင်ကားအမိုးပွင့်လေးကိုတွေ့ရခိုက် မျက်ခုံးတန်းတွေအလိုလိုတွန့်ချိုးသွားရသည်။

အဖြူရောင်ဆွယ်တာကလေးကို စတိုလ်ပန့်အညိုခံဝတ်ကာ အင်္ကျီစတွေကို ဘောင်းဘီထဲသပ်သပ်ရပ်ရပ်ထိုးထည့်ကာ ခါးပတ်အနက်လေးတပ်ထားသည့် သူ့omegaက ညနေခင်းရဲ့နေရောင်အောက်ရှင်းသန့်လို့နေ၏။

ကားပေါ်ကဆင်းလျှင် အနောက်ကနေလိုက်ဆင်းလာသော အမျိုးသားက ကင်မ်ထယ်ယောင်းကို လွမ်းသလိုဆွေးသလိုမျက်ဝန်းတွေ ဖြင့်စိုက်ကြည့်ပြီး အမျှင်မပြတ်နိုင်သေးသည့်ဇာတ်လမ်းကိုဆက်ဖို့ ဘာတွေထပ်ပြောနေကြသည်တော့မသိ။ နှစ်ယောက်သားတပူးတွဲတွဲမြင်ရသည်မှာ မျက်စိထဲကိုးလို့ကန့်လန့်နိုင်လှသည်။

နေ့လည်ကယူဟွန်းအမေရဲ့ တယ်လီဖုန်းဆက်အကြောင်းကြားမှုကြောင့် ညနေဘက်ရုံးကနေစောစောပြန်ခဲ့ တော့ ထင်ထားသည့်အတိုင်း အိမ်ကိုပြန်မရောက်လာသည်ကြောင့် ဒေါသတို့အလိုလိုဖြစ်တည်လာရသည်။

ဒီလောက်ခေတ်မကောင်းသည့်ကြားမှာ အချိန်တန်
သည်အထိ အိမ်ပြန်ရောက်မလာသည့်အပြင် ရောက်လာပြန်တော့ အလွမ်းဇာတ်ကမပြီးပြတ်နိုင်ကြ။

ဟိုကောင့်ရင်ခွင်ထဲတိုးဝှေ့ကာ ခေါင်းကိုပွတ်သပ်ပေးတာကို ငြိမ်ခံနေတာကိုကြည့်ရင်း သူနဲ့ဆိုလျှင် တွန်းတိုက်ရုန်းကန်တတ်တာတွေ၊ရွံရှာသလို ကြည့်တဲ့အကြည့်တွေကို ပြေး၍မြင်ယောင်မိသွားသည်။

ကားက ခြံအပြင်ရောက်သွားပေမယ့် လက်ပြနှုတ်ဆက်ကျန်ခဲ့သူက တော်တော်နှင့်အထဲကိုမဝင်နိုင်။ကိုယ့်အလှည့်တုန်းကဖြင့် တံခါးပိတ်ခံရလျှက် စိတ်ဆိုးရတာနှင့်။ သူ့omegaက ရိုး,အမလိုလိုနှင့် လည်လွန်းလှပါသည်။

ချောက်ကနဲတံခါးဖွင့်သံကြားလျှင် ခုံပေါ်ပြန်ထိုင်လျှက် စီးကရက်တွေကိုသာ ဒေါသပြေအောင်ခဲထားမိ၏။ဒေါသထွက်လာလျှင် ထိန်းမရတဲ့အစားထဲမှာ ဂျောင်ဂုကပါသည်။ သူ့အပိုင်လို့သတ်မှတ်ထားပြီးလျှင် တခြားတစ်ယောက်ထိကိုင်တာမျိုးတောင်မကြိုက်သည့် လူစားမျိုးဖြစ်သည်။

Loyal Husband (Completed)Where stories live. Discover now