Part.14

2.5K 196 28
                                    

Unicode

*ကြားဖြတ်ရွေးကောက်ပွဲအတွက် အရေးပေါ်အစည်းအဝေးတစ်ခု*

စစ်တပ်အင်အားအလွန်အကျွံသုံးထားမှုကြောင့် ပြည်သူတွေအထိနာမှုနှင့်အတူ တိုင်းပြည်မငြိမ်မသက်မှုက တစ်နေ့တစ်ခြားဆိုးရွားလို့လာသည်။ဒါ့ထက်ဆိုးသည့်အကြောင်းတရားတွေကတော့ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ငွေကြေးဖောင်းပွမှုကြောင့် ဆူပူမှုတွေက မြို့တော်အထိကိုလွှမ်းမိုးလာတာ ကြောင့် အကျပ်ရိုက်နေရသည်။

လွှတ်တော်အမတ်ချုပ် ကင်မ်ဂ ယောင်းအွန်း၊ဆိုးလ်မြို့တော်ဝန် ချွဲဒိုဟာ၊ကာချုပ်မှုး ပတ်အွန်းဆူ၊အတွင်းဝန်အမတ် ဂျောင်ထယ်မင်နှင့် ဝန်ကြီးချုပ် ကင်မ်မင်ယောင်းတို့ ငါးဦးသား ခေါင်းချင်းဆိုင်ဆွေးနွေးလျှက်ရှိကြသည်။

"ဒီလိုမှန်းသာကျုပ်သိရင် ဝန်ကြီးချုပ်ရာထူးအတွက် ဝင်မပြိုင်နေဘူး..အခုတော့ကျုပ်ရင်းထားရသမျှဟာအလကား..သဲထဲရေသွန်ရင်တောင်အရာကျန်ဦးမယ်။ဘယ်မှာလဲအသိအမှတ်ပြုမှု ဟွန်း!"

ကိုယ့်မှာတော့ ဒီနေရာရရေးအတွက်တက်စွမ်းသလောက် လုပ်အားပေးပရဟိတကအစလုပ်လိုက်ရတာ။အိမ်ကရှိမိသားစုလဲမနေရ။သမီးတွေကိုဝင်မပါခိုင်းစေချင်ပေမယ့် မိသားစုအထောက်အပံ့ကရှိသေးသည်မို့ မတတ်သာသည့်အဆုံးဆွဲထည့်ခဲ့ရသည်။အခုတော့ကိုယ့်ကလေးတွေပါ ဘယ်နေရာသွားသွားမလွတ်လပ်တော့။

ကင်မ်မင်ယောင်းရဲ့မျက်နှာက အလိုမကျမှုကြောင့်သုန်မှုန်လို့နေသည်။အားလုံးရဲ့အကြည့်တွေဟာ အလိုရမက်မီးတွေကြောင့်လောင်မြိုက်ပြာကျတော့မည့်အတိုင်း။

"အဟား..ကင်မ်မင်ယောင်း! ခင်ဗျားကိုယ်ခင်ဗျားမေ့နေသလား။အခုထိယာယီဝန်ကြီးချုပ်နေရာပဲရှိသေးတဲ့လူက အသံကောင်းလာဟစ်နေလို့ဘယ်ရမလဲ..လိုချင်ခဲ့တာခင်ဗျားမဟုတ်လား!"

ပတ်အွန်းဆူရဲ့စကားကို လွှတ်တော်အမတ်ချုပ်နှင့်အတွင်းဝန်အမတ်က ထောက်ခံသည့်သဘောဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ကြသည်။မြို့တော်ဝန်ကတော့ တိတ်ဆိတ်စွာဖြင့် အားလုံးကိုခြုံငုံအကဲခတ်လျှက်ရှိသည်။

Loyal Husband (Completed)Where stories live. Discover now