Part.37 (Final)

2.4K 145 24
                                    

Unicode

"အဲ့..အဲ့ဂူး..ခစ်"

ကျောခိုင်းထားသည့် အနောက်ဘက်မှနေ ထွက်ပေါ်လာတတ်သည့် ကလေးမြှူသံတချို့နှင့် ရယ်သံသေးသေးလေးတချို့။ဆက်အိပ်လို့မရနိုင်တော့မှန်းသိတာကြောင့် လေးစင်းနေသည့် မျက်ခွံတွေကို အတင်းတွန်းဖွင့်ကာ မျက်တောင်တို့အား တဖျတ်ဖျတ်ခတ်နေမိ၏။

ညက မိုးပေါက်တွေအဆင်မပြတ်ကျသံကို နားထောင်ရင်း ထယ်ယောင်းအိပ်လို့မပျော်နိုင်ခဲ့။မဟုတ်ပါဘူး..ညညတွေ အိပ်မပျော်နိုင်ခဲ့တာ ဆေးရုံကဆင်းပြီးကတည်းကများဖြစ်နေခဲ့မလား။ဆေးရုံမှာကတည်းကလားဆိုတာတော့ သိပ်မမှတ်မိချင် အမှတ်လဲမရချင်တော့။

"ယောင်းငယ် နိုးပြီလား..ဒီမယ်လေ အန်ကယ့်ဆီဆွေးနွေးစရာလေးရှိတာနဲ့ ပိုးဥလေးကိုပါတွေ့ချင်လို့ခနဝင်ခဲ့တာ။ညနေစောင်းကြီး ဘာလို့အိပ်နေရသလဲ ဖျားမှဖြင့်.."

လှုပ်ရှာသွားတဲ့ကျောပြင်လေးကိုကြည့်ရင်း ပတ်ဘိုဂမ် မေးလိုက်ခြင်းပင်။စိတ်ကြောင့်လားတော့မပြောတတ်..ကလေးမွေးပြီးနောက်ပိုင်းမှစ၍  အားနည်းလာသည့် ကလေးငယ်ရဲ့အသွင်အပြင်ကိုကြည့်ရင်း သက်ပြင်းတွေခနခနချမိတော့တာ။

"အော..ကျွန်တော်ညက အိပ်မပျော်တာနဲ့ကိုကို"

ထယ်ယောင်းအိပ်လိုက်မိတာ ညနေစောင်းတဲ့အထိလား။ညကမိုးလင်းကာနီး လောက်မှ အိပ်လို့ရခဲ့တာဖြစ်ပြီး နိုးလာပြန်တော့ ညနေစောင်းတဲ့။ခနနေရင် ညရောက်တော့မှာပဲ။

မှောင်သွားမှာကို ထယ်ယောင်းကြောက်မိလာပြန်သည်။မမြင်ချင်တာတွေ မကြားချင်သမျှတွေဟာ အမှောင်အားကိုးနဲ့မှ ထိုးထွက်လာတတ်တဲ့ သတ္တဝါဆိုးများကဲ့သို့ သူ့ကိုအကြိမ်ကြိမ် ခြောက်လှန့်လို့နေတတ်၏။

"ညညတွေ မအိပ်ဘူးဆို..အိမ်တော်ထိန်းကြီးပြောနေတယ်"

"ဟင်း..မပြောတတ်တော့ပါဘူး ကိုကိုရယ်"

မေးသမျှကိုဖြေပေမယ့် ကျွန်တော့်ဆီမျက်နှာချင်းဆိုင်ဖို့ တစ်ချက်ပင်လှည့်မလာ။လာတွေ့တိုင်းအဲ့သည်လိုချည်းသာ။

ပိုးဥလေးကို မွေးပြီးနောက်ရက်မှစ၍ ကလေးကိုမထွေးပွေ့သလို ကလေးအနားလဲမကပ်တော့။ နောက်ဆုံး ကလေးမျက်နှာကိုပင် မကြည့်ဘဲ အမြဲ ကျောခိုင်းပြီးတိတ်ဆိတ်လို့နေတတ်၏။

Loyal Husband (Completed)Where stories live. Discover now