Part.17

2.5K 179 55
                                    

Unicode

"ကင်မ်ထယ်! ! ကျုပ်က ခင်ဗျားဆီကနေ ခွင့်ပြုချက်တောင်းနေတာနော် ။ခွင့်ပြုရင်လဲခွင့်ပြုတယ်ပေါ့..မနေစေ့ချင်ရင်လဲ သူ့အတွက်နေရာသပ်သပ်စီစဉ်ပေးဖို့ ခင်ဗျားကိုမေးနေရတာ။ဘာတွေလာပြီး ဒေါသထွက်ပြနေရသလဲ။အလုပ်ကအခုမှပြန်ရောက်တယ် အမောကိုမပြေဘူးကွာ!"

ခြံထဲမှာကတည်းက သူ့ကိုအပြီးအပြတ် ထယ်ယောင်းပြောခဲ့တာကိုတောင် အိပ်ခန်းထဲအထိ ပြဿနာလိုက်ရှာနေတဲ့သူကြောင့် ရင်ထဲမောသွားရသည်။

ထယ်ယောင်းက ခွင့်မပြုရင်ကော သူကလက်ခံမတဲ့လား။သဘောထားသေးသိမ်တဲ့သူလို အကြောင်းပြချက်တစ်ပုံတစ်ပင် ထုတ်လာမှာပင်။

လူကိုစကားနဲ့တင်စော်ကားရုံအားမရလို့ အိမ်ပေါ်တက်နေပြီး ခြယ်လှယ်ချင်နေသေးသတဲ့။ ကောင်းပါသည်။သိပ်ကိုကောင်းသည်။

အဲ့ဒီမိန်းကလေး ထယ်ယောင်းရဲ့သိက္ခာကို စော်
ကားပြောဆိုနေတာကိုတော့ တစ်ချက်မမေး။မနေစေ့ချင်ရင်လို့စကားထဲ ထည့်ပြောထဲက သူ့ဘက်ကပေးနေဖို့အတွက် သေချာသလောက်ရှိနေပြီဆိုတာကို တွေးဆနေစရာပင်မလို။

"ကိုယ်က မင်းအမောမပြေအောင် ဘာများလုပ်မိရသလဲ ဂျွန်
ကိုယ်အစထဲကပြောထားပြီးသားပါ။မင်းတို့နှစ်ယောက်ကိစ္စမှာ ဝင်စွက်ဖက်နေမှာမဟုတ်သလို ကိုယ့်ကိုလဲဆွဲမထည့်ဖို့"

မနက်တုန်းက သူ့ကိုပြောလိုက်မိတဲ့စကားကြောင့် ညနေအိမ်ပြန်ရောက်လျှင် ပြေရာပြေကြောင်းရှင်းပြပြီး ချော့မလို့စဉ်းစားထားပေမယ့် အကြောင်းအရာက နောက်ထပ်ခေါင်းစဉ်တစ်ခုအောက်သို့ ရောက်သွားရပြန်သည်။

"ဒါလေးမေးတာကို ဆွဲထည့်တယ်ဖြစ်ရောလား ကင်မ်ထယ်ယောင်း! ခင်ဗျားနဲ့ကျုပ်ကဘာလဲ။ရိုနာနဲ့ကျုပ်ကအခုချိန် ဘာမှမသက်ဆိုင်ကြတော့တဲ့အနေအထား။ခင်ဗျားကသာ ကျုပ်ရဲ့သက်ဆိုင်သူ ဒါကြောင့် ခင်ဗျားကိုမေးနေရတာ"

ဂျွန်ဂျောင်ဂု တကယ်ပင် သူ့omegaကိုစိတ်မရှည်တော့ဘူး ဖြစ်သည်။ဒီလောက်အထိ လိုက်ရှင်းပြစရာမလိုလောက်အောင် သူနဲ့ကိုယ်အနေအထားက ထဲထဲဝင်ဝင်ပတ်သတ်ထားပြီးသားဖြစ်ပါလျှက်နဲ့ မဟုတ်တဲ့နေရာဆို တုံးလွန်းလှသည့် သူ့omega။

Loyal Husband (Completed)Where stories live. Discover now