ဟောခန်းကြီးလောက် ကျယ်ဝန်းတဲ့အထိ ထိုနေရာရဲ့ဗဟိုမှာ စားပွဲရှည်ကြီးတစ်ခုရှိနေတယ်။ မျက်နှာကျက်အပေါ်တွေမှာလည်း တန်ဖိုးကြီးအဆင်တန်ဆာတွေနဲ့ ကွပ်ထားတဲ့ မီးဆိုင်းလှလှတွေက အခန်းတစ်ခုလုံးရဲ့ အလှအပကိုမြှင့်တင်ပေးထားတယ်။
စားပွဲရှည်ကြီးရဲ့ဘေးတွေမှာ ထိုင်ခုံတွေက တန်းစီရှိနေခဲ့ပြီး ထိုနေရာတွေပေါ်မှာနေရာယူထားကြတဲ့ လူတစ်ချို့ကလည်းရှိနေတယ်။
steak ကို လှီးလိုက်တဲ့ ဓါးသံခပ်သျှသျှ ။
ဝိုင်ကို မော့ချလိုက်တဲ့ အသံတွေသာ ဖုံးလွှမ်းနေပြီး ညစာစားဝိုင်းမှာ ဤမျှလောက်တိတ်ဆိတ်နေခဲ့ပါသည်။" ဒါဆို ကျွန်တော်တို့မကြာခင်မှာပဲ တစ်မိသားစုတည်းဖြစ်လာကြတော့မှာပဲနော် "
ရယ်သံတွေဖုံးလွှမ်းသွားပြန်တဲ့ ညစာစားဝိုင်း။ ခွက်အချင်းချင်းတိုက်ခတ်သံတွေမှာလည်း တစ်ပြိုင်နက်ဆူညံသွားတယ်။ ဒီနေ့ရဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက တစ်ယောက်ကတော့ အနည်းငယ်တည်ငြိမ်နေတယ်ဟုဆိုရမလား ..
ထို့အပြင် အေးစက်နေတဲ့လေထုကို ထုတ်လွှင့်နေတဲ့ နှာခေါင်းနားတွင် မှည့်နက်လေးတစ်ခုရှိနေတဲ့လူတစ်ယောက်မှာလည်း steak တို့ကို ဓါးနဲ့ခပ်ပြင်းပြင်းလှီးချနေတဲ့အသံမှာ သူ၏ယခုစိတ်အခြေအနေကို သိသာထင်ရှားစေနေသလိုပင်။
ထိုသူကို သူ၏ဘေးက ပါးချိုင့်နှင့်ကောင်လေးမှာ သတိထားကြည့်မိသွားတယ်။ ပြီးနောက် လက်ကိုဆုပ်ကိုင်လိုက်ပြီး ' တစ်ခုခုဖြစ်နေတာလား ' ဆိုကာ အရိပ်အကဲနဲ့မေးပေမယ့် တုန့်ပြန်မှုကပြန်မလာပေ။ ထိုသို့သောပုံစံဟာ ထူးဆန်းတော့တာမဟုတ်လို့ ပါးချိုင့်နဲ့ကောင်လေးမှာလည်း ဆက်ပြီးမမေးဖြစ်တော့ဘဲ ညစာစားဝိုင်းကို အာရုံစိုက်လိုက်တယ်။
" ဟီဆွန်းနဲ့ဂျယ်ယွန်းတို့ပြီးရင်
ဆောင်းဟွန်းနဲ့ဂျောင်ဝန်းတို့အလှည့်လည်း မကြာခင်လာမယ်မဟုတ်လား "တစ်ဖက်ကလူကြီးရဲ့အမေးကြောင့် ဂျောင်ဝန်းကအရှက်ပြေပြုံးပြလိုက်တယ်။ သူ၏ဘေးကချစ်ရသူမှာတော့ ပုံမှန်အနေအထားနှင့်သာ။
![](https://img.wattpad.com/cover/359007073-288-k582850.jpg)
YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfiction• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_