🌸 အပိုင်း 1 🌸

38K 641 25
                                    

🌸 Flashlight 🌸

အပိုင်း 1

အားနည်းတဲ့သူဆိုရင် ပိုပြီး ဖိနှိပ်ချင်ကြတာ လောကကြီးရဲ့ နိယာမတဲ့ ....

ကျွန်မကတော့ အဲ့ဒီနိယာမကို အရမ်းကို ငယ်လွန်းတဲ့ အချိန်မှာထဲက သိခွင့်ရခဲ့တယ် ....

ကြောက်ရွံ့ စိုးရိမ်ရတဲ့ ခံစားချက်တွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ကျွန်မရဲ့ ကမ္ဘာမှာ အကြောက်တရားတွေကလွဲလို့ ဘာမှမရှိခဲ့ဘူး .....

ဘ၀မှာ နောက်တစ်ကြိမ်သာ ပြန်လည်မွေးဖွားခွင့်ရမယ်ဆိုရင် ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့ နေရာမှာ မွေးဖွားလာခွင့်ရဖို့ ကျွန်မ မျှော်လင့်မိတယ် ....

အမှောင်ထဲမှာ အကြောက်တရားတွေကို အဖော်ပြုရင်းနဲ့ပဲ ကျွန်မက ဘ၀ကို အဓိပ္ပါယ်မဲ့ ရှင်သန်ခဲ့မိတယ်......

ဒါပေမဲ့ သူနဲ့ တွေ့ဆုံခွင့်ရပြီးတဲ့နောက်မှာတော့ ကျွန်မအတွက် အရာရာဟာ ပြောင်းလဲလာခဲ့တယ် ......

အမှောင်ထုကြီးစိုးနေတဲ့ ကျွန်မရဲ့ ကမ္ဘာမှာ သူကတော့ ပျော်ရွှင်ခြင်းရဲ့ အလင်းရောင်လေး ဖြစ်ပေးခဲ့တယ်......

•°*      •°*      •°*     •°*      •°*    •°*

"အဟင်း ..... ကြည့်ပါအုံး မေမေ့သမီးလေးက အရမ်းကို ချစ်ဖို့ကောင်းသွားပြီ ......."

သိမ့်တစ်ယောက် ဆံပင်လေးနှစ်ဖက်ခွဲစည်းထားတဲ့ သူမရဲ့ သမီးလေးကို ကြည့်ပြီး သဘောကျစွာပြုံးလိုက်မိသည်။

သမီးက ငယ်ငယ်လေးထဲက ၀တဲ့ကလေးမို့ အခုလဲ အပေါ် အဖြူ၊ အောက်နက်ပြာ မူကြို၀တ်စုံလေးနဲ့ ၀ကစ်ကလေးဖြစ်ကာ သူမမျက်စိထဲမှာတော့ အရမ်းကိုချစ်ဖို့ကောင်းနေလေသည်။

"သမီး ....  မေမေ ခြင်းတောင်းထဲမှာ သမီးအတွက် ထမင်းဘူးရယ်၊ ရေဘူးရယ်၊မုန့်နဲ့ နို့ဘူးလေးရယ် ထည့်ပေးထားတယ်နော်......  မေမေက မုန့်ကို ပိုထည့်ပေးထားတာမို့ ဒီနေ့ မူကြိုမှာ သူငယ်ချင်းအသစ်တွေရလာရင် အဲ့သူငယ်ချင်းအသစ်တွေကိုပါ မျှကျွေးလိုက်နော်........"

"ဟုတ်မေမေ ...... "

"ဆရာမစကားကိုလဲ သေချာနားထောင်ရမယ်နော် ..... ပြီးတော့ သူငယ်ချင်းအသစ်လေးတွေနဲ့လဲ အဆင်ပြေအောင် နေရမယ်နော် သမီး ......"

FlashlightWhere stories live. Discover now