🌸 အပိုင်း 41 🌸

7.9K 442 23
                                    

🌸 Flashlight 🌸

အပိုင်း 41

"ဟင်..... အဖြေက အဲ့လိုဟုတ်လို့လား ယွန်းရဲ့ ...... နည်းနည်းလွဲနေတယ် ထင်တယ်နော်......."

မမအင်ကြင်းရဲ့ အဖြေလွဲနေတယ်ဆိုတဲ့ စကားကြောင့် ယွန်းမှာ ကိုယ်လေးတုန်သွားရပြီး သူမလေး ဖြေထားတဲ့ အဖြေကို ခဲဖျက်နဲ့ မြန်မြန်ဖျက်ကာ ဘာမှားလဲဆိုတာကို ချက်ချင်းစဥ်းစားလိုက်သည်။

3 စက္ကန့်လောက်ကြာတော့မှ ဘာမှားလဲဆိုတာကို ယွန်းတစ်ယောက် သိသွားပြီး အဖြေမှန်ကို ချရေးလိုက်ရသည်။

"အဟင်း.... ယွန်းလေးက တော်လိုက်တာ......ကလေးက အရမ်းဥာဏ်ကောင်းတာပဲ........"

မမအင်ကြင်းက သူမခေါင်းလေးကို ပွတ်သပ်ပြီး ချီးကျူးလာတာကြောင့် ယွန်းရဲ့ မျက်နှာသေးသေးလေးက ပျားရည်လောင်းချလိုက်သလိုမျိုး ချိုမြသွားရသည်။

"ဒါဆို မမတို့ နောက်တစ်ခုကို ဆက်သွားကြမလား....... နောက်တစ်ခုက Matching လုပ်ရမှာ.......ကြည့်ရတာ ပျော်စရာကောင်းမယ့်ပုံလေးပဲ ......ဟုတ်တယ်မလား ယွန်း ......."

သူမလေးကို ချီးကျူးပြီးတဲ့နောက် မမအင်ကြင်းက ချက်ချင်းဆိုသလို နောက်သင်ခန်းစာခေါင်းစဥ် တစ်ခုဆီ ကူးပြောင်းဖို့လုပ်နေတာကြောင့် ယွန်းရဲ့ နှလုံးသားသေးသေးလေးက အရမ်းကိုမှ နာကျင်သွားရသည်။

သူမလေးအတွက် မုန့်တွေအများကြီး၀ယ်လာလို့ မမအင်ကြင်းကိုလဲ မမဖောင်းဖောင်းလိုမျိုးပဲဟု ထင်ပြီး အနားကပ်ကာ အပီအပြင် ချွဲဖို့ လုပ်ခဲ့ရာက အခုလက်ရှိမှာတော့ မမအင်ကြင်းလုပ်ခိုင်းတဲ့ Exercise book တစ်အုပ်နဲ့တင် ယွန်းမှာ မရုန်းနိုင် မကန်နိုင် ဖြစ်နေရလေပြီ။

တကယ်တော့ မမအင်ကြင်းက မမဖောင်းဖောင်းနဲ့တူတာ မဟုတ်ဘဲ မာမီနဲ့ သွားတူနေတာပင်။

မမဖောင်းဖောင်းလိုမျိုး သူမလေးကို အရမ်းချစ်တဲ့ဟန်ရှိပေမယ့် မမဖောင်းဖောင်းလိုတော့ အများကြီးအလိုလိုက်မယ့်ပုံမရှိပေ။ အဲ့ဒီအစား မာမီနဲ့ ၂ယောက်အတူတူ သူမလေးအပေါ်မှာ စည်းကမ်းတွေ တင်းကြပ်တော့မယ်လို့တောင် ယွန်း ခံစားမိနေသည်။

FlashlightWhere stories live. Discover now