🌸 အပိုင်း 87 🌸

8.9K 489 24
                                    

🌸 Flashlight 🌸

အပိုင်း 87

ဖောင်းဖောင်းတို့ Team ကုမ္ပဏီထဲမှ ထွက်လာတော့ ကုမ္ပဏီရှေ့မှာ လူတစ်ယောက်နဲ့ မတ်တပ်ရပ်ပြီး စကားပြောနေသည့် ဥက္ကဌကို မြင်လိုက်ရသည်။

ဖောင်းဖောင်းမှလွဲ၍ ကျန်တဲ့သူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုလူမျိုးကများ သူတို့ ဥက္ကဌကို လမ်းဘေးမှာရပ်ပြီး စကားပြောစေနိုင်ရတာလဲဆိုပြီး တွေးမိသွားရသည်။

ဖောင်းဖောင်းမှာတော့ ဥက္ကဌနဲ့ အေးအေးလူလူစကားရပ်ပြောနေသည့် မောင့်​ကိုမြင်ပြီး အေးခဲသွားရသည်။

မောင်က ဥက္ကဌနဲ့ စကားပြောရင်းကနေ သူမကို မြင်သွားချိန်မှာတော့ လက်လှမ်းပြလာတာကြောင့် ဖောင်းဖောင်း ကိုယ်လေး မတ်သွားရသည်။

ဥက္ကဌကလဲ အနောက်ကို လှည့်ကြည့်လာသည်။ ထိုအခါ အဖွဲ့မှူးရော မမေရော ထက်ထက်နဲ့ ဘုန်းသန့်တို့ကပါ သူမအား  ထူးဆန်းတဲ့ မျက်၀န်းတွေနဲ့ ကြည့်လာကြသည်။

မောင်က ဥက္ကဌကို ချန်ထားခဲ့ပြီး သူမရှိရာသို့ လျှောက်လာကာ သူမလွယ်ထားတဲ့ Tote bag လေးနဲ့ ထမင်းဘူးအိတ်ကို လာယူသည်။ ပြီးတော့ Tote bag ကို သူ့လက်မောင်းမှာ ချိတ်လွယ်ကာ သူမအား ပြုံးပြလာသည်။

"မောင် ဥက္ကဌနဲ့ စကားပြောနေတာလားဟင်......"

"အွန်း.....မောင် ဖောင်းကို စောင့်နေတုန်း တွေ့ဖြစ်သွားတာနဲ့ အလုပ်အကြောင်း နည်းနည်းပြောဖြစ်ပြီး ဖောင်းရဲ့အကြောင်းတွေကိုပါ မေးကြည့်နေတာ......"

"ဖောင်းဖောင်း ....."

"ရှင် ... ဥက္ကဌ ....."

"ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ ပျော်တယ်မလား......"

"ဟုတ်.... ပျော်ပါတယ် ဥက္ကဌ......"

ဖောင်းဖောင်းရဲ့ စကားကြောင့် Aiden သူ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ကောင်းစက်မဟာကို ဘယ်လိုလဲဟု မေးဆတ်ပြလိုက်သည်။

"အစ်ကိုတစ်ယောက်လုံး ရှေ့မှာ ရှိနေတာကို ကျွန်တော့်ကောင်မလေးက ဘယ်လိုလုပ်ပြီး မပျော်ဘူးလို့ ဖြေနိုင်မှာလဲ ....."

"မဟုတ်ပါဘူး မောင်ကလဲ...... ဖောင်း ဒီမှာအလုပ်လုပ်ရတာကို တကယ်ပျော်တာပါ..... "

FlashlightWhere stories live. Discover now