🌸 အပိုင်း 26 🌸

7.6K 405 13
                                    

🌸 Flashlight 🌸

အပိုင်း 26

"အစ်ကို့ညီက သမီးလေး အဆင့်တက်တာနဲ့ ပတ်သက်ပြီး ဘာပြောလို့လဲ အစ်ကို......"

"ဥက္ကာက သမီးအတွက် လှမ်းပြီး ဂုဏ်ပြုစကားပြောတာပါ သိမ့်ရဲ့ ......  သမီးလေး အဆင့်တွေ အများကြီးတက်သွားလို့ သူတို့တစ်အိမ်လုံးလဲ အံ့တွေသြပြီး ပျော်နေကြတာတဲ့ ......"

အံ့သြတာက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပျော်နေကြတော့ မဟုတ်လောက်ဘူးလို့ သိမ့် စိတ်ထဲကနေပဲ တွေးလိုက်မိသည်။

"အဲ့တာနဲ့ ဘာဖြစ်လဲအစ်ကို......"

"အိန်ဂျယ်စာသွားလုပ်နေတဲ့ ၀ိုင်းက ကောင်မလေးတွေကို သိမ့် သိတယ်မဟုတ်လား......"

"အွန်း သိတယ်လေ အစ်ကို...... အဲ့တာဘာဖြစ်လို့လဲ......"

"အဲ့၀ိုင်းထဲက အိမ်ရှင်ကောင်မလေးရဲ့ အဆင့်က ဒီတစ်ခေါက်မှာ သမီးထက်တောင် နိမ့်နေတယ်တဲ့........ အဲ့တာကို အဲ့ကောင်မလေးက မကျေမနပ်ဖြစ်ပြီး သမီးနဲ့ ညီအစ်မတွေဖြစ်နေတဲ့ အိန်ဂျယ်ကို သူတို့၀ိုင်းထဲကနေ ထုတ်လိုက်တာတဲ့...... အဲ့တာ အိန်ဂျယ်က အခုလာမယ့် စာသင်နှစ်ကနေစပြီး သမီးနဲ့အတူ စာပြန်လာလို့ချင်လို့တဲ့..... ကိုယ်ကတော့ သိမ့်နဲ့ တိုင်ပင်လိုက်အုံးမယ်လို့ ပြောထားတယ်...... သိမ့်ရဲ့ သဘောကရော........."

"ဘာကို သိမ့်ရဲ့ သဘောလဲ အစ်ကို...... ဒါလက်ခံစရာကိစ္စမှ မဟုတ်တာ...... သိမ့် လုံး၀သဘောမတူဘူး အစ်ကို......"

အစ်ကို ပြောပြတာကို နားထောင်ပြီး သိမ့် စိတ်ထဲမှာ တော်တော်လေး ခံပြင်းသွားရသည်။

အရင်က စာအတူတူလုပ်ပေးဖို့ ခေါ်ခဲ့တုန်းကတော့ သူတို့သမီးကို ကိုယ်တွေကကျောင်းလေးပဲထားပေးပြီး ကိုယ်တွေကလေးရဲ့ ကိစ္စအကုန်လုံးကို လိုက်လုပ်ခိုင်းနေတယ်ဆိုတဲ့ လေသံမျိုး ပြောခဲ့ပြီး အခုကျ ဟိုဘက်က ကန်ထုတ်လိုက်တော့မှ ဒီဘက်ကို ပြန်လာချင်နေသည်။

ပြောရရင် အစ်ကို့မျက်နှာကို ထောက်ပြီး မကောင်းတတ်၍သာ အိန်ဂျယ်ကို ကျောင်းဆက်ထားပေးနေတာကို သိမ့် ဘာမှ ၀င်မပြောတာဖြစ်သည်။

FlashlightWhere stories live. Discover now