🌸 အပိုင်း15 🌸

8K 413 11
                                    

🌸 Flashlight 🌸

အပိုင်း 15

မေမေ ချက်ထားတဲ့ ဟင်းပွဲလေးတွေကို ကြည့်ပြီး ဖောင်းဖောင်း ပျော်ရွှင်သွားရသည်။

အစ်ကိုနဲ့ သမီးက ကကတစ်ငါးကို ကြော်ပြီး ကြက်သွန်ကွင်းလေးတွေနဲ့ ပြန်နှပ်တာကို ကြိုက်တာကြောင့် သိမ့် ငါးအသားကို ဖဲ့ပြီး အစ်ကို့ပန်းကန်ထဲရော သမီးပန်းကန်ထဲပါ ထည့်ပေးလိုက်သည်။

ဒီနေ့ညစာက အစ်ကိုတို့သားအဖအတွက် ငါးကြော်နှပ်ရယ် ၊ ဆိတ်သားနဲ့ အာလူးရယ်၊ ပဲနီလေးဟင်းချိုရယ် ဖြစ်သည်။

သူမကတော့ နဂိုထဲက ရောဂါအခံကြောင့် အဆီအအိမ့်ရှောင်ထားတာမို့ ကြက်သားကို ကြက်သွန်နဲ့ သံပုရာသီးလေး ညှစ်ပြီးပဲ သုပ်ထားသည်။ သူမက နဂိုထဲက ညစာဆို အများကြီး မစားဖြစ်တာမို့ ကြက်သားသုပ်ရယ် ပဲနီလေးဟင်းချိုရယ်နဲ့ပဲ အဆင်ပြေလေသည်။

"ဆိတ်သားလဲ ထည့်စားလေ သမီး ...... သမီးမေမေချက်ထားတာ ရှယ်ပဲ ..... နူးအိပြီး မွှေးနေတာပဲ......"

ဖေဖေက သူမပန်းကန်ထဲ ဆိတ်သားတစ်တုံး ခပ်ထည့်ပေးတော့ ဖောင်းဖောင်း ဖေဖေ့ကို ပြုံးပြလိုက်သည်။

"သမီး...... ဒီနေ့ ကောင်းစက်နဲ့ စာအတူတူလုပ်ရတာ အဆင်ပြေလား......."

"ဟုတ် အဆင်ပြေတယ် မေမေ......"

"ဒီလောက်အကြာကြီး စာလုပ်ရတာ မပင်ပန်းဘူးလား သမီး ......."

"အဲ့တာက နည်းနည်းတော့ ပင်ပန်းတယ် ဖေဖေ....... ဒါပေမဲ့လဲ စာမေးပွဲနားနီးပြီဆိုတော့ ဖောင်း ဒီလောက်ကတော့ အပင်ပန်းခံနိုင်ပါတယ်........"

"ကောင်းစက်ကို သမီး နားမလည်တဲ့စာတွေရော မေးဖြစ်လား ......"

"မေးတဲ့ဆီတောင် မရောက်လိုက်ဘူး မေမေ ..... ကောင်းစက်က သမီး နားမလည်တာတွေကို အစအဆုံး အားလုံး သေချာပြန်ရှင်းပြပေးတယ်......."

"ဟုတ်လား ...... အဲ့တော့ သမီးက နားလည်တယ်မလား....."

"ဟုတ် နားလည်တယ် မေမေ ....... ကောင်းစက်က အရမ်းတော်တာပဲသိလား....... ဖောင်း နားလည်နိုင်လောက်မယ့် နည်းမျိုးတွေနဲ့ ရှင်းပြလို့လား မသိဘူး ...... ကောင်းစက်ရှင်းပြတော့ တစ်ပုဒ်ဆိုတစ်ပုဒ် သေချာကို နားလည်သွားသလိုပဲ ......"

FlashlightWhere stories live. Discover now