🚨 အပိုင်း 72 🚨

20.5K 610 28
                                    

🌸 Flashlight 🌸

အပိုင်း 72

ဖောင်းဖောင်း မောင်နဲ့ အတူတူ ရုပ်ရှင်ကြည့်နေရင်းကနေ သူမနဲ့ မနီးမဝေးမှာရှိနေသည့် နာရီကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

မနက်ထဲက မောင့်အိမ်ကိုရောက်နေတာဆိုတော့ သူမ ဒီမှာရှိတာ တော်တော်လေး ကြာနေပြီဟု ပြောလို့ရသည်။

ဖန်သားပြင်ထက်မှာ လူဆိုးဂိုဏ်းတစ်ခုရယ် ဇာတ်လိုက်မင်းသားရယ် တိုက်ခိုက်နေတာကို စိတ်၀င်တစားကြည့်နေသည့် မောင့်ကို ဖောင်းဖောင်း လှည့်ကြည့်လိုက်သည်။

မောင်က သူမကို ဖက်ထားရင်း ရုပ်ရှင်ကြည့်နေတာမို့ ဖောင်းဖောင်းမှာ ရုန်းမရ ပြုမရပေ။

"မောင်......"

"ဟင်......"

"ညနေလဲစောင်းပြီဆိုတော့ ဖောင်း ပြန်တော့မယ်လေ....... မောင် ဖောင်းကို ပြန်လိုက်ပို့မှာလား......."

"ပြန်တော့မို့လား ဖောင်း......"

"အွန်းလေ မောင်ရဲ့ ..... တော်ကြာ မိုးချုပ်နေအုံးမယ်....... ဖောင်း ဒီကို မနက်ထဲက ရောက်နေတာဆိုတော့ တော်တော်လဲကြာနေပြီလေ......."

ဖောင်းရဲ့ စကားကြောင့် ကောင်းစက် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။

ဒီနေ့တစ်နေကုန် ဖောင်းနဲ့အတူ ရှိခဲ့ရတော့ သူ့စိတ်က ဖောင်းကို ပြန်မလွှတ်ချင်ဘူး ဖြစ်နေသည်။

စကားပြန်မလာသည့် မောင့်ကို ကြည့်ပြီး ဖောင်းဖောင်း အဓိပ္ပါယ်ဖော်ရခက်သွားသည်။

"မောင် ? "

"ဒီနေ့တစ်ရက်ကို ပြန်မနေပါနဲ့တော့လား ဖောင်းရယ် ....... မောင့်ဆီမှာပဲ အိပ်သွားလိုက်လေ......"

မောင့်ဆီမှာပဲ အိပ်သွားလိုက်လေဆိုသည့် စကားကြောင့် ဖောင်းဖောင်း ကြက်သေသေသွားရသည်။

သူ့စကားကြောင့် ဖောင်းက လုံး၀ ရှော့ခ်ရသွားပုံရသည်။

ဒါပေမဲ့လဲ ဒီနေ့တစ်နေ့တော့ သူ့စိတ်တွေကို ထိန်းချုပ်ထားဖို့ရာ ဘယ်လိုမှ မစွမ်းဆောင်နိုင်တာကြောင့် ကောင်းစက် ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်သည်။

FlashlightWhere stories live. Discover now