🌸 အပိုင်း 63 🌸

9.8K 534 41
                                    

🌸 Flashlight 🌸

အပိုင်း 63

"မေမေက အစထဲက သိ.... သိနေခဲ့တာလား......"

"မေမေလဲ ငယ်ရာက ကြီးလာတာပဲလေ သမီးရဲ့ ..... မသိဘဲနေပါ့မလား......"

မေမေက မောင်နဲ့ သူမတွဲနေတာကို အစထဲက သိနေခဲ့တယ်ဆို၍ ဖောင်းဖောင်း မျက်နှာလေး တစ်ခုလုံး ပူထူသွားရသည်။

"ဒါဆို..... ဖေ... ဖေဖေရော သိနေတာလားဟင် မေမေ......"

"သမီး မလန့်သွားနဲ့နော်...... အမှန်တော့ သမီးနဲ့ ကောင်းစက်တို့ တွဲနေကြတာကို မေမေ့ထက်အရင် သမီးဖေဖေက သိသွားတာ....... မေမေက သမီးဖေဖေ ပြောပြတော့မှ သိရတာ........"

"ဖေဖေက ဘယ်လိုလုပ်ပြီးသိသွားတာလဲဟင်......"

"အဟင်း...... သမီးတို့ စာမေးပွဲပြီးတဲ့နေ့က ကောင်းစက်နဲ့ သမီး အတူတူ ပြန်လာကြတယ်မလား....... အဲ့တုန်းက သမီးဖေဖေက ၀ရန်တာမှာရှိနေတာ...... ကောင်းစက် သမီးကို နမ်းလိုက်တာကို သမီးဖေဖေ မြင်ပြီး သိသွားခဲ့တာ......."

ဖောင်းဖောင်းမှာ မေမေပြောတဲ့စကားတွေကို ကြားပြီး ရှော့ခ်အကြီးကြီးရသွားသည်။

ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားတဲ့ သူမရဲ့ သမီးငယ်လေးကို ကြည့်ပြီး သိမ့် သဘောကျစွာ ပြုံးလိုက်မိသည်။

"အဟင်း...... ဘာမှမဖြစ်ပါဘူး သမီးရဲ့ ...... မေမေ့သမီးက မဟုတ်ကဟုတ်ကလူတွေနဲ့ တွဲတာမှ မဟုတ်တာ...... ကောင်းစက်လို လူမျိုးနဲ့ တွဲတာကို မေမေတို့က ဘာလို့ ကန့်ကွက်ရမှာလဲ...... သမီးဖေဖေလဲ သမီးတို့ကို သဘောတူတယ်...... ဒါပေမဲ့လဲ သမီးဖေဖေက သမီးရှင်ဆိုတော့ နည်းနည်းမျက်နှာပူနေတာပေါ့....... အဲ့လောက်ပါပဲ...... ကျန်တာ ဘာပြဿနာမှ ကြီးကြီးမားမားမရှိလို့ စိတ်မပူနဲ့နော် သမီး........"

မေမေက သူမပါးလေးတစ်ဖက်ကို လက်နဲ့ အုပ်ကိုင်ပြီး ပြောလာတော့ ဖောင်းဖောင်း မျက်နှာပူပေမယ့်လဲ တစ်ဖက်မှာတော့ စိတ်သက်သာရာရသွားသည်။

"ဒါပေမဲ့ မေမေ သိချင်တာ တစ်ခုတော့ရှိတယ်...... သမီးနဲ့ ကောင်းစက် ဘယ်လိုလုပ်ပြီး တွဲဖြစ်သွားကြတာလဲ......"

သူမသမီးဘက်က ကောင်းစက်ကို အရင်သဘောကျကောင်းကျနိုင်ပေမယ့် နှစ်ယောက်သားတွဲတဲ့အထိ ဖြစ်သွားအောင်လို့တော့ စွမ်းဆောင်နိုင်မှာ မဟုတ်တာကို သိမ့် သေချာသိနေသည်။

FlashlightWhere stories live. Discover now