🌸 အပိုင်း 73 🌸

9.3K 473 13
                                    

🌸 Flashlight 🌸

အပိုင်း 73

အိမ်ပြန်ရောက်တော့မည်ဆိုသည့် အသိစိတ်ဖြင့် ဖောင်းဖောင်း စိတ်လှုပ်ရှားစွာ ပြုံးလိုက်မိသည်။

ပထမနှစ် အားလပ်ရက်တုန်းက Diploma တစ်ခုရဖို့အတွက်ကို ကြိုးစားနေရ၍ ဖောင်းဖောင်း အိမ်မပြန်ဖြစ်ခဲ့။

အခု ဒုတိယနှစ်ပြီးသွားပြီး ကျောင်းပိတ်ရက် အရှည်ကြီးရတဲ့ အခါကျမှသာ အိမ်ပြန်လာနိုင်ခြင်းဖြစ်သည်။

မောင်ရော သူမလိုပဲ စိတ်လှုပ်ရှားနေမလားဆိုပြီး ဖောင်းဖောင်း ဘေးကို ငဲ့ကြည့်လိုက်တော့ မောင်က သက်သောင့်သက်သာ အနေအထားဖြင့် စာအုပ်တစ်အုပ်ကို အေးအေးလူလူ ဖတ်နေသည်။

ဟိုကိုရောက်တဲ့ 2 နှစ်တာ ကာလအတွင်းမှာ သူမရဲ့ နယ်ပယ်က ကျောင်းရယ်၊ အဆောင်ရယ်၊ မောင့်တိုက်ခန်းရယ်ကြားမှာပဲ ရှိခဲ့ပေမယ့် မောင့်ရဲ့ နယ်ပယ်ကတော့ တော်တော်လေး ကျယ်ပြန့်သွားခဲ့သည်။

မောင်က ကျောင်းတက်နေရင်းနဲ့ကို ဟိုနိုင်ငံရဲ့ ရုပ်ရှင် Industry ထဲအထိ စိမ့်၀င်နိုင်ခဲ့ပြီး Dream ရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ချို့ကိုတောင် လုပ်ဆောင်နိုင်နေပြီဖြစ်သည်။ ပြီးတော့ Hollywood က နာမည်ကြီး ဒါရိုက်တာတစ်ချို့နဲ့ပါ မိတ်ဆွေဖြစ်နေသေးသည်။

ဒါတွေအားလုံးက သူမရဲ့ မျက်စိရှေ့မှာပဲ မောင် စွမ်းဆောင်နိုင်ခဲ့သည့် အရာတွေဖြစ်သည်။

2 နှစ်တာဆိုသည့် ကာလအတွင်းမှာ မောင့်ရဲ့ ပုံစံက ချာတိတ်လေးတစ်ယောက်လို မဟုတ်တော့ဘဲ အသက်ငယ်ငယ်နဲ့အစစအရာရာ ရင့်ကျက်တည်ငြိမ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်နေပြီဖြစ်သည်။

ဘာရယ်မဟုတ် မောင့်အကြောင်းတွေးမိပြီး မောင့်ကို ငေးကြည့်မိနေရာက ရုတ်တရက် မောင်က မော့ကြည့်လိုက်သည့်အချိန်မှာတော့ အကြည့်ချင်းဆုံကာ ဖောင်းဖောင်း အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။

"ကြည့်လို့ကောင်းလား......."

"ဟင်...ဘာကိုလဲမောင်......"

FlashlightWhere stories live. Discover now