🌸 အပိုင်း 46 🌸

8.4K 517 30
                                    

🌸 Flashlight 🌸

အပိုင်း 46

"ကောင်း..... ကောင်းစက်......"

သူမ သတိပြန်ရရချင်းမှာပဲ သူမကို မလွှတ်တမ်းဖက်ထားသည့် ကောင်းစက်ကြောင့် ဖောင်းဖောင်းမှာ အသက်တောင် ရဲရဲမရှူရဲတော့ဘဲ မျက်နှာတစ်ခုလုံးလဲ ခရမ်းချဥ်သီးလေးတစ်လုံးလို နီရဲလာရသည်။

နောက်မှာ အမေ ၂ယောက်ရှိနေတာတောင် ကောင်းစက်က ဘာလို့ သူမကို အခုလိုကြီး ဖက်ထားရတာလဲ......

သူမခေါင်းကနေ အငွေ့တွေ ထွက်လာသလိုမျိုး ဖောင်းဖောင်း ခံစားရကာ တစ်ကိုယ်လုံးလဲ ထူပူလာရသည်။

"အရူးလေး ...... ဘာလို့ ငါ့ကို အဲ့လောက်ထိ လန့်အောင်လုပ်ရတာလဲ....... ငါ ဘယ်လောက်ထိ စိတ်တွေပူနေလဲဆိုတာ သိရဲ့လား ......."

"ငါ..... ငါ တောင်းပန်ပါတယ်......"

တောင်းပန်ပါတယ်ဆိုတဲ့ အသံတိုးတိုးလေးကို ကြားလိုက်ရတော့မှ ကောင်းစက် ဖက်ထားတာကို ဖြေလျှော့ပေးလိုက်ပြီး ဖောင်းဖောင်းရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်သည်။

မျက်နှာလေးက အဖျားသွေးရှိနေသလိုမျိုး နီမြန်းနေတာကြောင့် ကောင်းစက် စိတ်ပူသွားရသည်။

အဖျားက မနက်ထဲကကျသွားတာကို ဘယ်လိုလုပ်ပြီး အခုပြန်တက်လာတာလဲ......

ကောင်းစက် ချက်ချင်းပဲ ဖောင်းဖောင်းရဲ့နဖူးလေးကို အုပ်ကိုင်ပြီး စမ်းကြည့်လိုက်တော့မှ အပူချိန် သိပ်မမြင့်တာကို ခံစားမိပြီး စိတ်သက်သာရာရသွားသည်။

"အခုရော ဘယ်လိုနေသေးလဲ.....အဆင်ပြေရဲ့လား..... တစ်နေရာရာက နာနေတာမျိုးရော ရှိလား......"

"ကဲပါ သားရယ်...... အဲ့တာတွေကို အန်တီသိမ့် မေးဖို့လဲ ထားပါအုံး ...... အန်တီသိမ့်လဲ ဖောင်းဖောင်းလေးကို စိတ်ပူနေမှာပေါ့...... နေရာခဏဖယ်ပေးလိုက်အုံး....."

မာမီ ထိုသို့ပြောတော့မှပဲ ကောင်းစက်မှာ ရှက်ကိုးရှက်ကန်းဖြစ်ကာ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ပေ။

အန်တီသိမ့်က သူ့ကိုကြည့်ပြီး သဘောကျစွာ ရယ်လေသည်။

ပြီးတော့ သူ့လက်မောင်းကို ခပ်ဖွဖွပုတ်ကာ "အန်တီတို့ရဲ့ ဖောင်းဖောင်းလေးကို အခုလိုမျိုး ဂရုစိုက်ပေးလို့ ကျေးဇူးတင်တယ်နော် သား " ဟု ပြန်ပြောလေသည်။

FlashlightWhere stories live. Discover now