🌸 အပိုင်း 68 🌸

7.5K 451 13
                                    

🌸 Flashlight 🌸

အပိုင်း 68

ကျောင်းက ပေးထားတဲ့ အဆောင်က လေးယောက် တစ်ခန်းနေရတာဆိုပေမယ့် အတော်လေး ကျယ်၀န်းတာကြောင့် ဖောင်းဖောင်း အတွက် အဆင်ပြေသည်။

အဆောင်မှာ သူမနဲ့အတူ Share ပြီး နေရတဲ့ အခန်းဖော်တွေထဲမှာ တစ်ယောက်က ညိုပြီးစိုလွင်တဲ့ အသားအရည်ပိုင်ရှင် အမေရိကန်နိုင်ငံသား Elena ဖြစ်ပြီး နောက်တစ်ယောက်က ရွှေအိုရောင်ဆံနွယ်တွေနဲ့ အရမ်းလှသည့် အင်္ဂလန်မှ Perry ဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကတော့ Choi YunHee လို့ ခေါ်သည့် ကိုရီးယားမလေးဖြစ်ပြီး သူမလိုမျိုးပဲ အရှေ့တိုင်းသားတစ်ယောက်ဖြစ်သည်။

ထို့အပြင် Elena ရော၊ Perry ရော၊ YunHee ရောက ဒီနိုင်ငံသား မဟုတ်တာကြောင့် သူမတို့ကြားမှာ ပြင်သစ်လိုထက် အင်္ဂလိပ်လိုပဲ ပိုပြောဖြစ်ကြပြီး အချိန်တိုအတွင်းမှာပဲ လေးယောက်သား အများကြီး ရင်းနှီးသွားရသည်။

သူတို့ 3 ယောက်ခေါ်တဲ့ "ဖောင်းဖောင်း" ဆိုသည့် ခေါ်သံ၀ဲ၀ဲလေးကိုလဲ ဖောင်းဖောင်း အသည်းယားမိသည်။

အစတုန်းက သူမနဲ့ လုံး၀အစိမ်းသက်သက်ဖြစ်နေသည့် နယ်ပယ်တစ်ခုမှာ ကျောင်းတက်ရမှာမို့ ဖောင်းဖောင်း စိုးရိမ်ပူပန်ခဲ့ပေမယ့် စီနီယာဖြစ်တဲ့ အစ်ကိုသုတရဲ့ ကျေးဇူးတွေကြောင့် ​သူမရဲ့ ကျောင်းသူဘ၀က တော်တော်လေး အဆင်ပြေချောမွေ့ခဲ့သည်။

အစ်ကိုသုတ လှမ်းပြီးမိတ်ဆက်ပေးထားသည့် ဆရာတွေကလဲ သူမကို သေချာဂရုစိုက်ပေးသည်။

နောက်ပြီး အပြင်ထွက်တဲ့ အချိန်တိုင်းမှာလဲ မောင်က သူမဘေးမှာ ရှိနေပေးတာမို့ အစစအရာရာ အားလုံး အဆင်ပြေနေလေသည်။

"ဖောင်းဖောင်း...... ဒီညနေ ငါတို့ 3 ယောက် အပြင်ထွက်ပြီး ညစာစားမို့ နင်လဲ လိုက်ခဲ့ပါလား......."

Elena က သူမရှေ့မှာ ၀င်ထိုင်ပြီး ပြောလာတော့ ဖောင်းဖောင်း အခက်တွေ့သွားရသည်။

"အာ..... ဘယ်လိုလုပ်မလဲ Elena .... ငါ ဒီနေ့ ချိန်းထားတာလေးတစ်ခုရှိလို့ နင်တို့နဲ့ လိုက်လို့ရမှာမဟုတ်ဘူး........"

"နင့်ကောင်လေးနဲ့ ချိန်းထားတာလားဖောင်း......."

ဖောင်းဖောင်း ပြုံးပြီး ခေါင်းလေးငြိမ့်ပြလိုက်တော့ Elena က Wow ဆိုပြီး ထအော်သည်။

FlashlightWhere stories live. Discover now