🌸 အပိုင်း 90 🌸

7.5K 435 25
                                    

🌸 Flashlight 🌸

အပိုင်း 90

Dream ရဲ့ 27 နှစ်ပြည့် Anniversary မှ ပုံလေးတွေကို ဖောင်းဖောင်း တစ်ပုံချင်းစီ ထောက်ကြည့်နေမိသည်။

ဒီနေ့ပွဲကို မောင်က သူမနဲ့ အတူတူ တက်ချင်ပေမယ့် ဒီနေ့က ကုမ္ပဏီမှာ ခွင့်ယူလို့မရတာမို့ ဖောင်းဖောင်း မောင်နဲ့အတူ ပွဲမတက်ဖြစ်ဘဲ အခုလို အိမ်ပြန်ရောက်တဲ့ အချိန်မှသာ ပွဲကနေ တက်လာတဲ့ ပုံလေးတွေကို လိုက်ကြည့်နေရတာ ဖြစ်သည်။

💌 Comments များ 💌

"ငါတို့ကလေးလေးကို ကြည့်ကြပါအုံး ...... သူ့အစ်ကို ဘေးမှာ ပြုံးနေလိုက်တာများ တကယ် ချစ်စရာလေးဟယ်........"

"မင်းစက်ကို မရရင် မင်းစက်ရဲ့ အစ်ကိုကိုပဲ ယူတော့မယ်!!! ကိုကြီးကလဲ ချောလိုက်တာ အရမ်းပဲ 😭😭 ငါတော့ ရူးတော့မယ် "

"အပေါ်ထပ်က အစ်မရေ .... ကြားထားတာကတော့ ကိုကြီးက စေ့စပ်ထားတာပါတဲ့နော်....."

"ဟင် အဲ့လိုဆို အပိုင်းတစ် ဇာတ်သိမ်းပိုင်းဖြစ်ပြီပေါ့.... အူး၀ါး အသည်းတွေတော့ကွဲပါပြီ ၀ူး ၀ူး ၀ူး..... "

မောင် နဲ့ မင်းစက် တို့ အတူတူထိုင်နေကြတဲ့ ပုံရဲ့ အောက်မှာ ရှိနေတဲ့ comments တွေကို ဖောင်းဖောင်း လိုက်ဖတ်ပြီး အသံထွက်ကာ ရယ်လိုက်မိသည်။

ကောင်မလေးတွေ သည်းသည်းလှုပ်မယ်ဆိုလဲ လှုပ်ချင်စရာပင် ......

မင်းစက်က idol အနေနဲ့ အမြဲလိုလို Cool ဖြစ်တဲ့ ပုံစံမျိုးနဲ့ပဲ ရှိနေခဲ့တာဆိုပေမယ့် အခုပုံထဲမှာကျ အစ်ကိုဖြစ်တဲ့ မောင့်ရဲ့ ဘေးမှာ ကလေးလေး တစ်ယောက်လိုမျိုး စကားတွေ ပြောပြီး ရယ်နေတာကြောင့် နှုတ်ခမ်းနီမလေးတွေ အားလုံးရဲ့  နှလုံးသားတွေ တုန်လှုပ်ကုန်ကြသည်။

မောင်တို့ မိသားစုလိုက် ရိုက်ထားတဲ့ပုံလေးတွေအောက်မှာလဲ ကောင်းမွန်တဲ့ Comments လေးတွေ အများကြီး ရှိနေလေသည်။

အန်ကယ်လ်စက် နဲ့ အန်တီရှင်မွေ့တို့ကလဲ အခုချိန်အထိ လူငယ်စုံတွဲလေးလိုမျိုး လိုက်ဖက်ညီနေဆဲပင်။

မောင်က အန်ကယ်လ်စက်ရဲ့ ဘေးမှာရပ်နေကာ မင်းစက်က အန်တီရှင်မွေ့ဘေးမှာ ရှိနေသည်။ အလယ်မှာရှိနေတာကတော့ ခွန်းစက်နဲ့ ယွန်းလေး ဖြစ်သည်။

FlashlightWhere stories live. Discover now