🌸 အပိုင်း 29 🌸

7.4K 450 32
                                    

🌸 Flashlight 🌸

အပိုင်း 29

ဒီနေ့က ပိတ်ရက်ဆိုပေမယ့် ရေမွှေးအသစ် မိတ်ဆက်တဲ့အခမ်းအနားကို ဖိတ်ကြားခံထားရသည့် အစ်ကိုက သမီးကိုပါ ခေါ်သွား၍ အိမ်မှာ သူမတစ်ယောက်ထဲ ကျန်ခဲ့ကာ အနည်းငယ် ခြောက်ကပ်ကပ်နိုင်နေသည်။

အစ်ကိုက သူမနဲ့ ချစ်သူစဖြစ်တဲ့ အချိန်ထဲက ရေမွှေးကို ရူးသွပ်ခဲ့တာဖြစ်သည်။

အ၀တ်အစား၊ ဖိနပ်၊ နာရီ တို့ကို အဲ့လောက်ထိမဟုတ်ဘဲ အဲ့ဒီရေမွှေးကိုပဲ မက်မောခဲ့တာဖြစ်သည်။

၀ယ်ပြီးဆွတ်ရုံသာမက Collection လိုက်ကို စုဆောင်းတဲ့အထိ ၀ါသနာကြီးသည်။

သူ သဘောကျပြီဆို Luxury Brand တွေထဲကရော ၊ Luxury brand မဟုတ်တာတွေထဲကရော အကုန်၀ယ်စုသည်။

အစ်ကို့ရဲ့ သွေးအပြည့်ပါလာသည်က သမီးပင်။

ဟိုးငယ်ငယ်လေးထဲက ရေမွှေးနံ့တွေဆို သိပ်သဘောကျတတ်သည်။

အခုအရွယ်လေးရောက်လာတော့လဲ ကျန်တဲ့ အလှပြင်ပစ္စည်းတွေကို ဘာတစ်ခုမှ မမက်ဘဲ အဲ့ဒီရေမွှေးကိုတော့ တမ်းတမ်းစွဲပင်။

၀ပေမယ့် သမီးက ချစ်ဖို့ကောင်းတာမို့ သူမအနေနဲ့ သမီးကို ဒီထက်ပိုပြီး ပြင်တတ်ဆင်တတ်လေးဖြစ်အောင် သူတို့အရွယ် အသားအရည်လေးတွေနဲ့ ကိုက်ညီတဲ့ skin care ပစ္စည်းတွေနဲ့ make-up set တွေ ၀ယ်ပေးလဲ အကုန်ချောင်ထိုးထားသည်။ ဘာတစ်ခုမှကို မလိမ်းတာဖြစ်၏။

ဒါပေမဲ့ အစ်ကို ၀ယ်ပေးထားတဲ့ ရေမွှေးပုလင်းတွေကိုတော့ စင်ပေါ်မှာ တယုတယတင်ထားရတာနဲ့ ၊ ရတနာပစ္စည်းတွေလို သေတ္တာထဲ ထည့်သိမ်းရတာနဲ့၊ ဗီရိုထဲမှာ တစ်ကန့်သပ်သပ်ထားရတာနဲ့ ရှုပ်နေတာပင်။

အစ်ကိုကလဲ သူနဲ့ သူ့သမီး ၀ါသနာလာတူနေတာကို အရမ်းတွေ သဘောကျပြီး သူ့ သမီးလိုချင်တဲ့ ရေမွှေးဆို ဘယ်လောက်ပဲ ၀ယ်ရတာ ခက်ခက် ရအောင်၀ယ်ပေးသည်။

သူမကတော့ ရေမွှေးကို အဲ့လောက်ထိ မမက်တာကြောင့် အစ်ကိုတို့သားအဖနှစ်ယောက်ကို လက်ပိုက်ပြီး ကြည့်နေရုံသာ တတ်နိုင်သည်။

အိမ်မှာ သူမ တစ်ယောက်ထဲ ကျန်ခဲ့တာမို့ ပျင်းပျင်းရှိတာနဲ့ ရှင်မွေ့တို့ဆီ အလည်သွားရင် ကောင်းမလားဟု သိမ့် တွေးလိုက်မိသည်။

FlashlightWhere stories live. Discover now