🌸 အပိုင်း 55 🌸

8.2K 468 27
                                    

🌸 Flashlight 🌸

အပိုင်း 55

ကောင်းစက်ဆီမှ ဖုန်း၀င်လာတာနဲ့ ဖောင်းဖောင်း အရင်ဆုံး သူမဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်သည်။

မတော်လို့ ကောင်းစက်က ဖုန်းပြောနေရင်းနဲ့ Video call ပြောကြရအောင်လို့ ပြောလာရင် ငှက်သိုက်လိုဖြစ်နေမယ့် သူမရဲ့ ဆံပင်နဲ့ အခက်တွေ့ရမည်။

ဆံပင်ကို သေချာပြန်လုပ်ပြီးတော့မှ ဖောင်းဖောင်း ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို ကောင်းစက်....."

တစ်ဖက်မှ ဖောင်းဖောင်းရဲ့ အသံကို ကြားလိုက်ရတာနဲ့ ကောင်းစက်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အပေါ်ကို မြင့်တက်သွားရသည်။

"Sorry..... ငါ အခုမှ ထမင်းစားပြီးလို့ ဖုန်းခေါ်တာ နည်းနည်းနောက်ကျသွားတယ်......"

"အာ ရပါတယ် ကောင်းစက်ရဲ့ .....ဘာမှမဖြစ်ပါဘူး ..... မဟုတ်မှ နင် ငါ့ message ကို မြင်ပြီး ထမင်းကို အမြန်အမြန် စားလာတာတော့ မဟုတ်ဘူးမလားဟင် ကောင်းစက်......."

"အဟွန်း မစားပါဘူး......ထမင်းကို အားလုံး စားလို့ကုန်သွားတော့မှ ဒယ်ဒီနဲ့ မာမီ့ကို အပေါ်တက်တော့မယ်လို့ ပြောပြီး အပေါ်တက်လာခဲ့တာ........ "

"ဘာဟင်းနဲ့ စားခဲ့လဲ ကောင်းစက်......"

"ဆိတ်ကလီစာဟင်း ..... အငယ်လေးတွေအတွက်က ငါးကြော်အချိုနှပ် ..... နောက်ပြီး ကြက်သားနဲ့ ပဲဟင်း၊ မြင်းခွာရွက်သုပ်......."

"၀ါး...... ဟင်းတွေ အကုန်လုံးက စားချင်စရာတွေချည်းပဲ...... အန်တီရှင်မွေ့က ဟင်းချက်ကောင်းတော့ အရမ်းစားကောင်းမှာပဲ ....... "

"အန်တီသိမ့်လဲ ဟင်းချက်ကောင်းတာပဲဟာကို......"

"ဒါပေမဲ့ မေမေက အိမ်မှာဆို ဆိတ်ကလီစာဟင်း မချက်ဘူး...... ဆိတ်သားက နဂိုထဲက အနံ့ပြင်းတယ်လေ..... သေချာမချက်တတ်တဲ့သူဆို ညှီပြီး ဟင်းက ပျက်သွားရော...... ဆိတ်ကလီစာဆို ပိုဆိုးတာပေါ့.... အူကြမ်းဘာညာကို သန့်နေအောင် ဆေးရတာလေ...... အဲ့တော့ မေမေက သူအဲ့လောက်ထိ မလုပ်နိုင်လို့ဆိုပြီး အိမ်မှာဆို အဲ့ဟင်း မချက်ဘူး...... ငါက အရမ်းကြိုက်တော့ အမြဲဆိုင်ကပဲ မှာစားရတယ်...... ဆိုင်တွေကချက်တာကလဲ အိမ်က သေချာချက်ထားတာလောက်တော့ ဘယ်ကောင်းပါ့မလဲ ........"

FlashlightWhere stories live. Discover now