🌸 အပိုင်း 80 🌸

7K 468 16
                                    

🌸 Flashlight 🌸

အပိုင်း 80

"ရှင် ...... ဘာဘီကျူး ဟုတ်လား မမေ......"

"အွန်း ........ဖောင်းဖောင်းကို ကြိုဆိုတဲ့ အနေနဲ့ အစ်မတို့ Team ရဲ့ ညစာစားပွဲပေါ့........"

"အာ...... "

သူမအတွက် ညစာစားပွဲ လုပ်ပေးမယ်ဆို၍ ဖောင်းဖောင်း အားနာသွားရကာ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားသည်။

"ဟို..... အားနာစရာကြီး မမေရယ်......."

"ဘာမှ အားနာစရာမလိုပါဘူး ဖောင်းဖောင်းရဲ့ ....... အစ်မတို့က လူသစ်တစ်ယောက်ရောက်လာတိုင်း အခုလိုမျိုး ကြိုဆိုပွဲလုပ်တာ ထုံးစံလိုတောင် ဖြစ်နေပြီ.......နောက်ဆို ဖောင်းဖောင်းကြုံလာရမှာပါ...... လူသစ်ကြိုဆိုပွဲ မဟုတ်တဲ့ နောက်ခေါင်းစဥ်တစ်ခုနဲ့ ညစာစားပွဲတွေ အများကြီးရှိလာမှာဆိုတော့ အဲ့အခါကျရင် နေသားကျသွားပါလိမ့်မယ်......."

မမေရဲ့ စကားကြောင့် ဖောင်းဖောင်း ပြုံးမိသွားရသည်။

ပထမဆုံးနေ့မှာတင် အားလုံးက သူမအပေါ်မှာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံကြတာကြောင့် ဖောင်းဖောင်း အလုပ်တက်ရတာ ပျော်နေမိသည်။

"ဟုတ်တယ် ဖောင်းရဲ့ ...... ထက်တို့ အတူတူ သွားရအောင်နော်...... အဖွဲ့မှူးက ဒီနေ့ နာမည်ကြီး အသားကင်ဆိုင်ကို ရွေးထားတာ...... ဒီလိုအခွင့်အရေးမျိုးက ရှားတောင့်ရှားခဲနော်......."

"ထက်ထက်နဲ့ ဖောင်းဖောင်း ဘယ်သူမှတော့ လျှောက်မပြောနဲ့နော်...... မမေကြားလာတာတစ်ခုရှိတယ်......"

"ဘာကြီးလဲ မမေ......"

"အဖွဲ့မှူးက ဒီည ညစာစားပွဲမှာ ဆိုင်ကို Wagyu Beef ပါ ပြင်ဆင်ခိုင်းထားပုံရတယ်......"

"Wagyu!!! "

"ဟဲ့ တိုးတိုးပြောပါ ထက်ထက်ရယ်....... အဖွဲ့မှူး ခုဏက ဆိုင်ကို ဖုန်းနဲ့ ဘိုကင်လှမ်းတင်နေတုန်း မှာနေတာကို မမေလဲ ခပ်သဲ့သဲ့ကြားလိုက်တာ....... အဲ့တာကြောင့် တို့တွေ ဒီအခွင့်အရေးကို လုံး၀လက်လွှတ်ခံလို့ မဖြစ်ဘူးနော်......."

"ဒါပေမဲ့ Wagyu က ဒီလောက်စျေးကြီးတာကို မမေကလဲ ...... ဟိုကောင် ဘုန်းသန့် အစားကြီးပုံမျိုးနဲ့ဆို အဖွဲ့မှူးအများကြီး ရှင်းနေရမှာပေါ့......."

FlashlightWhere stories live. Discover now