🌸 အပိုင်း 18 🌸

7.6K 380 10
                                    

🌸 Flashlight 🌸

အပိုင်း 18

ကောင်းစက် အိမ်နားမှာရှိတဲ့ Convenience Store မှာ ရောက်နေတာ တော်တော်ကြာနေပြီဖြစ်သည်။

အထူးသဖြင့် ကင်းမွန်အရသာ၊ ပုစွန်အရသာ၊ အသားကင်အရသာ၊ ချိစ်အရသာ၊ ရေညှိအရသာနဲ့ အမျိုးစုံလင်စွာ ခင်းကျင်းထားတဲ့ မုန့်ထုပ်တွေရှေ့မှာ ရပ်ပြီး ဘာ၀ယ်လို့ ၀ယ်ရမှန်းမသိ ဖြစ်နေတာ မိနစ်အနည်းငယ် ရှိသွားပြီဖြစ်သည်။

ညီဖြစ်သူ စားအိုးကွဲလေး မင်းစက်ကို ခေါ်လာရင်တောင် အခုချိန်မှာ ဘယ်မုန့်ကကောင်းတယ်၊ ဘယ်မုန့်ကတော့ မကောင်းဘူးဆိုပြီး တန်းရွေး၀ယ်နိုင်မှာဖြစ်သည်။

သူကျတော့ ဒီမုန့်တွေအကြောင်း ဘာမှမသိတော့ အခက်တွေ့ရသည်။

နောက်ဆုံးတော့ မထူးစိတ်ပိုက်ပြီး ကောင်းစက်ရှိနေတဲ့ မုန့်တွေကိုပဲ တစ်မျိုးတစ်ထုပ်စီ ခြင်းတောင်းထဲ ထည့်ချလိုက်သည်။

ထို့နောက် သူ့အတွက် ဒိန်ချဥ်ရယ်၊ ညီ၂ယောက်ကြိုက်တဲ့ ပဲနို့ဘူးလေးတွေရယ်ကို ထပ်ယူပြီး ကောင်းစက် cashier ဆီ သွားကာ ပိုက်ဆံရှင်းလိုက်သည်။

ထို့နောက် မုန့်ထုပ်တွေဆွဲကာ Store ထဲက ထွက်လာတော့ နောက်ကနေ ကားဟွန်းတီးတာကို ကြားလိုက်ရတာကြောင့် ကောင်းစက် လှည့်ကြည့်လိုက်ရာ ဒယ်ဒီ့ကား ဖြစ်နေသည်။

"သား......"

"ဒယ်ဒီ....."

"မုန့်လာ၀ယ်တာလား......"

"ဟုတ် ..... ဒါနဲ့ ဒယ်ဒီကရော ဘာလို့ ပြန်လာတာလဲဟင်........"

"ဒယ်ဒီက အရေးကြီးတဲ့ ဖိုင်တစ်ခု ကျန်ခဲ့လို့ ပြန်လာယူတာ....... ကားပေါ်တက်လေ သား......"

"ဟုတ် ဒယ်ဒီ "

ကောင်းစက် ကားပေါ်တက်တော့ ဒယ်ဒီက သူ ၀ယ်လာတဲ့ မုန့်တွေကို သေချာကြည့်နေတာကြောင့် မလုံမလဲ ဖြစ်သွားရသည်။

"မုန့်တွေက များလှချည်လား သား......"

"ဟုတ် ဒယ်ဒီ ...... ဟို သား မင်းစက်နဲ့ ခွန်းစက်တို့အတွက် ၀ယ်လာတာ...... သူတို့ ၂ယောက်က ဖောင်းဖောင်းကို သူတို့ မုန့်လေးတွေ ထုတ်ထုတ်ကျွေးနေကျဆိုတော့ store ဆိုင်ရောက်ဖြစ်တုန်း တစ်ခါထဲ ၀ယ်လာခဲ့လိုက်တာ ဒယ်ဒီ ......"

FlashlightWhere stories live. Discover now