🌸 အပိုင်း 9 🌸

7.2K 390 9
                                    

🌸 Flashlight 🌸

အပိုင်း 9

အခုဆိုရင် သိမ့် နဲ့ အိမ်ရှေ့အိမ်က ရှင်မွေ့တို့ မိသားစုလေးက အတော်လေးကို ရင်းနှီးနေကြပြီလို့ ပြောလို့ရသည်။

သိမ့် အိမ်တက်လုပ်ဖို့အတွက် လိုအပ်နေသေးတဲ့ ပစ္စည်းတွေကို အစ်ကိုနဲ့ အတူသွား၀ယ်ရန် အိမ်ထဲက အထွက်မှာပဲ အပြင်ကနေ ပြန်လာပုံရသည့် ရှင်မွေ့တို့ သားအမိတွေနဲ့ သွားဆုံသည်။

ရှင်မွေ့ နဲ့ မင်းစက်လေးတို့ကလဲ ဘယ်ကပြန်လာကြတာလဲ မသိပေ။

မင်းစက်လေးက သူမကို မြင်တာနဲ့ မျက်လုံးလေးတွေ တောက်ပကာ "အန်တီသိမ့်.....အန်တီသိမ့်" ဟု ဆက်တိုက်ခေါ်လာလေသည်။

ပြီးတော့ သူမနဲ့ အစ်ကို့ဆီကို ပြေးလာသည်။

အစ်ကိုကလဲ မင်းစက်ကို ပြုံးပြီးကြည့်နေလေသည်။

"အန်တီသိမ့်....."

"ရှင်...."

"အန်တီသိမ့်တို့ရဲ့ အိမ်တက်အလှူကလေ လူဦးရေကို limit လုပ်ထားတာမျိုး ရှိလားဟင်......."

"ဟင်...... မရှိပါဘူး သားရဲ့ ..... ဘာလို့လဲ......"

"သား..... အန်တီသိမ့်ကို ဘာတွေ လျှောက်မေးနေတာလဲ......."

ရှင်မွေ့ သားကို ပြန်ဆွဲခေါ်ဖို့ ကြိုးစားပေမယ့် ခေါင်းမာလွန်းသည့်သားက မမသိမ့်ကို သူသိချင်တာ မမေးရမချင်း ကျေနပ်မယ့်ပုံ မပေါ်ပေ။

"နေပါစေ ရှင်မွေ့ရဲ့ ...... ကလေးက ဘာမေးချင်လို့လဲ မသိဘူး....... မင်းစက် သားလေး ပြော......အန်တီသိမ့်ကို ဘာပြောချင်လို့လဲ ...."

"သားက သိချင်တာပါ ...... အကယ်၍ အန်တီသိမ့်တို့က အိမ်တက်ကို အဲ့လိုမျိုး လူဦးရေ limit မလုပ်ထားဘူးဆိုရင် သားတို့ အိမ်ကလဲ ကြိုက်သလောက်လာလို့ ရတာပေါ့နော်......."

သိမ့်မှာ မင်းစက်လေးရဲ့ စကားကြောင့် ပြုံးမိသွားရသည်။ အစ်ကိုကလဲ မျက်နှာတစ်ဖက်လှည့်ကာ ပြုံးလေသည်။

"ရတာပေါ့သားရဲ့ ..... လူဦးရေကို ကန့်သတ်မထားလို့ သားတို့ ကြိုက်သလောက်လာလို့ရတယ်..... တစ်အိမ်လုံးလာရင် အန်တီသိမ့်က ပိုတောင် သဘောကျသေးတယ်......."

FlashlightWhere stories live. Discover now